အပူသည်

အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ ။
 
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက
မွှေးမြတဲ့ နားရွက်ကလေးတစ်ဖက်ပါပဲ ။

Read More     total (21)

သင်နှင့်တကွအပေါင်းပါများသိသာရန်

‘ကိုယ်ဟာမင်းရဲ့စိတ်ကိုဖတ်နိုင်နေလို့ပေါ့။ မင်းဘာသာ ဘွဲ့တွေဘယ်လောက်ယူထားယူထား ကိုယ်ဟာ သဘာဝ အတန်းပညာမှာ အမြဲတမ်းမင်းထက်တစ်တန်းကြီးတယ်။ အဲဒါကိုတော့မယုံမရှိနဲ့’

အဲဒီနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ဟာ တဖြည်းဖြည်းအတွေ့ကျဲသွားကြသလို အသည်းတွေလည်း ပိုမာခဲ့ကြတယ်။ သူကသင်တန်းတွေ တစ်ခုပြီးတစ်ခုတက်ပြီး ကျွန်တော်ကတော့ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက် တွဲဖြစ်ခဲ့တယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော်ရဲ့စီကရက်ငွေ့ ရှူခွင့်ရတဲ့သူတွေထဲမှာ သူ့လိုပညာတတ်မိန်းမ တစ်ယောက်မှမပါစေခဲ့ဘူး။ တော်ရုံတန်ရုံဘွဲ့တစ်ဘွဲ့ဆိုတော်ရောပေါ့။ မလိုအပ်ပဲအမြီးတွေရှည်စရာမလိုပါဘူး။

Read More     total (18)

ဧရာဝတီလင်းပိုင်

>> မြန်မာနိုင်ငံမှ ဧရာဝတီမြစ်

>> ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းဒေသတို့ကို ဖြတ်သန်းစီးဆင်းနေသော မဲခေါင်(Mekong)မြစ်

>> အင်ဒိုနီးရှားနိုင်ငံ ကာလီမန်တန်(Kalimantan) နယ်၏ မဟန်ခန်(Mahankan) မြစ်

စသော မြစ်သုံးစင်းတွင် အဘယ့်ကြောင့် ၀င်ရောက်လာခဲ့ကြသည်ကိုမူ မည်သူမျှ မသိကြပါ။ ဤသို့ ပင်လယ်ပြင်မှ မိုင်ပေါင်း ရာချီအောင် ရွှေ့ပြောင်းလာခဲ့ခြင်းက ယင်းမြစ်သုံးစင်း၌ ရှင်သန်ကျက်စားကြသော လင်းပိုင်များကို ၄င်းတို့နှင့်မျိုးတူ ပင်လယ်နေလင်းပိုင်များနှင့် ကွဲပြားသွားစေခဲ့ပြီး ယခုအချိန်တွင် ၄င်းတို့အား ကမ္ဘာပေါ်၌ မျိုးပြုတ်ပျောက်ကွယ်တော့မည့် အန္တရာယ်ရင်ဆိုင်နေရသော လင်းပိုင်မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါသည်။

Read More     total (4)

ကျွန်တော်နှင့်ကူမဲ

သူတို့ပြောစဉ်မှာ ကျွန်တော်ထင်မိတာက ဘုရားအရိပ်ပေါ်တယ်ဆိုတာ ပုံမှန် ပေါ်ရိုးပေါ်စဉ်လို တကယ့်အရိပ် အမည်းရောက်ကြီးနေရောက်ကြောင့် ပေါ်တယ်ထင်မိပြီး သိပ်စိတ်မ၀င်စားကြီးမရှိလှတာတော့ ၀န်ခံပါရစေ။ ဒါပေမယ်လည်း မြို့ခံလူကြီးတွေရဲ့ စိတ်စေတနာထက်သန်တာကို အားနာတာရယ်၊ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘုရားဖူးဖို့ မနက်စောစော စီစဉ်ပေးတယ်ဆိုတော့ တကယ့်ကို မင်္ဂလာရှိတာကြောင့် လိုက်ပိုပေးတဲ့ ဆိုင်ကယ်ပေါ်တက်ထိုင်ပြီး “ဆုတောင်းပြည့်ထူပါရုံ“ စေတီတော်ကို သွားခဲ့ကြပါတယ်။ (ဘုရားရဲ့ဘွဲ့တော်လွဲမှားခဲ့လျှင် ခွင်လွှတ်ပါ။ မေးမြန်းသိရှိရသမျှနဲ့ ရေးသားရခြင်းဖြစ်ပါတယ်)

Read More     total (14)

မြန်မာ့ ကျောက်ပန်းချီလက်ရာများ

၂၀၀၀ ခုနှစ်မှာ ဂျပန်မှ ပညာရှင်တစ်ဦးနှင့်တွေ့ဆုံပြီး ဆွေးနွေးရင်းနဲ့ နည်းပညာအသစ်များ ထပ်မံရရှိလာခဲ့ပါတယ်။ ယခင်က မိမိကိုယ်တိုင်ဖော်စပ်ထားတဲ့ ကော်တစ်မျိုးထဲကိုသာ သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်ပမှကော်များနှင့်လည်း တွဲစပ်ပြီး အသုံးပြုလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဦးသာထွန်းရဲ့ ပန်းချီလက်ရာတွေဟာလည်း ပိုမိုသေသပ်လှပလာခဲ့ပါတယ်။ ပြပွဲအနေနဲ့ ၂၀၀၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ လောကနတ်အလှပညာပြခန်းမှာ ကျောက်ပန်းချီ (Creation Art) ပြပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။။ အဲဒီပြပွဲမှာ (Creation Art) အပေါ် စိတ်ပါဝင်စားသူများကို နည်းပညာများ လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့ပါတယ်။ ဦးသာထွန်းအတွက် အမှတ်တရအနေနဲ့ ၂၀၀၇ ခုနှစ် ဇွန်လမှာ တရုတ်နိုင်ငံက မှာယူလို့ ပြုလုပ်ပေးခဲ့ရတဲ့ ၈ပေ x ၁၂ပေ ပန်းချီကားကြီးကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီပန်းချီကားဟာဆိုရင် ကျောက်ပန်းချီလောကမှာ အကြီးမားဆုံး ပန်းချီကားကြီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

Read More     total (9)

First Music Agency

မင်္ဂလာအခမ်းအနားများ၊ မင်္ဂလာညစာ စားပွဲများ၊ ကုမ္ပဏီဧည့်ခံပွဲများ၊ စက်ရုံ နှစ်ပတ်လည် ညစာစားပွဲများ၊ မွေးနေ့ ဧည့်ခံပွဲများနဲ့ အခြား ဂီတဧည့်ခံ ဖျော်ဖြေ ပွဲမျိုးစုံကို ၀န်ဆောင်မှု ပေးနေပါတယ်။ မင်္ဂလာဧည့်ခံပွဲတွေမှာ အမျိုးသမီးအဆိုရှင်များက မြန်မာဝတ်စုံတွေ ဆင်မြန်းဝတ်ဆင်ပြီး သီဆိုဖျော်ဖြေပေးပါတယ်။ အမျိုးသား အဆိုရှင်များကလည်း မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံများ ၀တ်ဆင်ပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေမယ့် အစီအစဉ်များနဲ့ ဖျော်ဖြေဧည့်ခံပြီး ၀န်ဆောင်မှု ပေးနေပါတယ်။ Dinner လိုပွဲမျိုးတွေမှာတော့ Pop, Rock, R&B, HipHop စတဲ့ စတိုင်များနဲ့ ဧည့်ခံဖျော်ဖြေ ၀န်ဆောင်မှုပေးနေပါတယ်။ လိုအပ်ရင် အခြားကဏ္ဍများကိုလည်း မင်္ဂလာမောင်နှံ စိတ်တိုင်းကျ ဆက်သွယ်ဆောင်ရွက်ပေးနေပါတယ် --- လို့ Agency မှ ကိုစိုးသီဟက ပြောကြားခဲ့ပါတယ်။

Read More     total (9)