ဒီနေ့ခေတ်ရဲ့
ဂီတရေစီးကြောင်းထဲမှာ
Pop, Rock, Hip-Hop, R&B , Punk, Alter ဆိုတဲ့
အမျိုးအစားစုံလင်
စီးမျောနေပြီး
လူငယ်တွေအကြိုက်
ရင်ခုန်မှုကလည်း
တစ်မျိုးစီနဲ့
ရှင်သန်နေပါတယ်...။
ဒီထဲမှာ Hip-Hop ဂီတကို
ရင်ခုန်မြတ်နိုးစွာ
ချစ်တတ်တဲ့
လူငယ် ပရိသတ်တွေရဲ့
အားပေးမှု လက်ခုပ်သံတွေကြားထဲက
"ချမ်းအေးဝင်း"
ဆိုတဲ့ Hip-Hop တေးသံရှင်နဲ့
Shwe Gyoe Phyu စာမျက်နှာမှာ
တွေ့ဆုံခွင့်ပေးလိုက်ပါတယ်
...။
"သုံးယောက်ပေါင်းလောင်းကျော်"
နဲ့ ပတ်သက်ပြီး
အခြေအနေလေး
ပြောပါဦး
.....။
တော်တော်များများ
ပြန်ကြားရတယ်။
အဲဒီခွေထဲက
သီချင်းအများစုကို
လက်ခံကြတယ်လို့
ကျွန်တော်ကြားရတယ်။
အရမ်းဝမ်းသာပါတယ်
.... ကျွန်တော်
ဖန်တီးထားတဲ့
သီချင်းတွေက
ပရိသတ်နဲ့
ကိုက်ညီသွားတယ်ဆို
တော့လေ .....။
Hip-Hop ရေစီးကြောင်းမှာ
စီးမျောချင်သူ
တစ်ယောက်က
ဘာတွေ လေ့လာ
သိထားသင့်တယ်ထင်လဲ။
ချမ်းအေးဝင်း
အမြင်ပေါ့
...။
Hip-Hop နဲ့ ပတ်သက်လို့ကတော့
အပြင်ဗဟုသုတအနေနဲ့ပေါ့လေ။
ကိုယ့်ဘက်က
လေ့လာသင့်တာက
ဟိုး ... အရင်ခေတ်ကတည်းက
ထွက်ထားတဲ့
Hip-Hop ခွေတွေ မြန်မာသီချင်းတွေရော၊
အင်္ဂလိပ်ခွေတွေရော
နားထောင်သင့်တယ်။
ကျန်တဲ့ ကိုယ့်အပိုင်းနဲ့
ကိုယ်ဆိုရင်တော့
ထွေထွေထူးထူး
လေ့လာစရာ မလိုဘူး။
အဓိကက လူတွေကြားထဲမှာ
လူတွေနဲ့ တစ်သားတည်း
ဖြစ်နေဖို့
နေထိုင်ရမယ်။
တစ်သားတည်း
ဖြစ်နေတဲ့
စိတ်ကိုလည်း
သီချင်းထဲမှာ
တစ်သားတည်း
ဖြစ်အောင်
ရေးပြနိုင်ရမယ်။
အဲဒါဆိုရင်တော့
Hip-Hop Mood က အပြည့်ပေါ်လာ
မယ်လို့ ထင်တယ်။
အဲဒီလိုမျိုး
ဖြစ်နေအောင်ပဲ
ကြိုးစားသင့်တယ်။
ဘာမှ အပိုတွေ
သိပ်လုပ်ပြနေစရာမလိုဘူးလို့
ထင်တယ်။
အချို့
Hip-Hop သီချင်းရဲ့
စာသားတွေမှာ
စကားလုံးသုံးနှုန်းတာတွေ
ကြမ်းတာတွေ့ရတော့
လူငယ်တွေ အတုယူမှားနိုင်တယ်လေ...။
ဒီတော့ အနုပညာရှင်
တစ်ယောက်အနေနဲ့
ပရိသတ်အတွက်
ဘာတွေလုပ်သင့်
တယ်။ မလုပ်သင့်ဘူးလို့
ပြောချင်လဲ
...။
အင်း
...။ Hip-Hop ဆိုတာကတော့
ခံစားချက်တစ်ခုကနေ
ပေါက်ထွက်ပြီးတော့
ထွက်လာတဲ့
ဂီတတစ်ခု လို့
ပြောရမှာပေါ့လေ။
အဲဒီတော့ ဒီ
Music မှာလည်း စကားလုံးရင့်သီးတာတွေ
ပါကောင်းပါနိုင်တာပေါ့။
ကြမ်းတာတွေလည်း
ပါနိုင်တယ်။
ဒါပေမယ့် ကိုယ့်ရဲ့
ရေမြေခံနဲ့လိုက်ပြီးတော့
ကိုက်ညီပြီးတော့
ကိုယ့်ဘက်က
ဘယ်လောက်ထိ
လုပ်သင့်တယ်ဆိုတာမျိုးတော့
သေချာစဉ်းစားဖို့
အရေးကြီးတယ်။
သီချင်းတစ်ပုဒ်လုပ်ခါနီးကျရင်
ဘာလို့လဲဆိုတော့ကျွန်တော်တို့ရှေ့ကလူတွေလည်း
အနုပညာလောကကြီးထဲမှာ
စည်းတွေဘောင်တွေနဲ့
ကြိုးစားနေရ
တယ်။ အများကြီး
စည်းတောင်၊
ဘောင်တွေနဲ့
အလုပ်လုပ်နေရတယ်။
အဲဒီအချိန်မှာ
နောက်ကနေ ကျွန်တော်တို့နဲ့
အတူ လိုက်လာတဲ့
လူငယ်တွေကလည်း
ဘောင်လေး၊
စည်းလေးတစ်ခုအတွင်းကနေ
လိုက်ပြီးအလုပ်လုပ်စေချင်
တယ်။ အဲလိုမှ
မဟုတ်ရင်တော့
ကျွန်တော်တို့
Hip-Hop လောကကြီးတစ်နေ့ကျရင်
မြောင်းထဲအကုန်ရောက်သွား
လိမ့်မယ် ...။
အဲဒါတစ်ခုတော့
ကျွန်တော်ပြောချင်တယ်...။
ချမ်းအေးဝင်းကိုယ်တိုင်ရော
ဒီဂီတနဲ့ပတ်သက်ရင်
ပရိသတ်ကို
ဘာတွေပေးနိုင်လိမ့်မယ်လို့
ယုံကြည် ထားလဲ...။
အဓိက
ကတော့ ..... ကျွန်တော်တို့
သီချင်းတစ်ပုကို
နားထောင်လိုက်ရင်
နံပါတ်တစ်ကတော့
ဒီသီချင်း
တစ်ပုဒ်ကနေ
မတ်တပ်ပြီးတော့
အကြောင်းအရာတစ်ခုနဲ့
ပတ်သက်တဲ့
Message တစ်ခုပေါ့
ရစေချင်တယ်
...။ ဒီသီချင်းတွေက
Entertainment ဖျော်ဖြေမှု
တစ်ခု ဖြစ်စေချင်တယ်။
ဒီ Music တွေ၊ စာသားတွေ
နားထောင်ပြီး
ဒီပေါ်မှာ စီးမျောစေချင်တယ်ဆိုတဲ့
သဘောပါပဲ...။
Show တွေမှာ
ရေသန့်ဗူးနဲ့
ပေါက်တာမျိုး၊
အော်ဟစ်ရိုင်းပြတဲ့
ပရိသတ်မျိုးကို
အနုပညာရှင်တစ်ယောက်
အနေနဲ့ ဘယ်လို
တောင်းဆိုချင်လဲ
...။
ဒါကတော့
ကိုယ်က စင်ပေါ်ကလူဆိုတော့
စင်အောက်က
ကိုယ့်ကို
ဘယ်လိုမြင်လဲဆိုတာ
ကိုယ်မသိဘူး
လေ။ သူတို့အမြင်နဲ့
ကိုယ့်ကိုတုံ့ပြန်မှုတစ်ခုတော့
ရှိမှာပေါ့
... အဲဒါကို ကိုယ်လည်း
မမြင်တတ်တော့
ဘယ်မှတော့
မပြောတတ်ပါဘူး။
ပရိသတ်တွေ
ပိုရလာတာနဲ့အမျှ
ချမ်းအေးဝင်းရဲ့
ဂီတအပေါ် တာဝန်ပိုကြီးလာမှာပေါ့
...။
ကျွန်တော်
အရင်ကတည်းက
ကျွန်တော့်ရဲ့
ဂီတအပေါ် တာဝန်အပြည့်
အမြဲထားပါတယ်။
ခုမှ မဟုတ်ပါ
ဘူး။ နောက်လည်း
အမြဲတမ်း တာဝန်အပြည့်နဲ့ပဲ
ဆက်ပြီးလုပ်နေဦးမှာပါ
ချမ်းအေးဝင်းက
ခုဆိုအဖေတစ်ယောက်ဖြစ်ရပြီဆိုတော့
သားနဲ့ပတ်သက်ပြီး
သီချင်းတွေ
ရေးဖြစ်မှာပေါ့...။
ရေးနေပါတယ်
...။ ရေးဖြစ်တယ်
... ကျွန်တော့်သီချင်း
တော်တော်များများမှာ
ကျွန်တော့်သားလေးနဲ့
ပတ်သက်တဲ့
အကြောင်းအရာလေးတွေလည်း
ပါနေမယ်။ ဘာလို့လဲဆိုတော့
ကျွန်တော့်
Life က အဖေ တစ်ယောက်ရဲ့
Life ဖြစ်သွားပြီလေ
... ကျွန်တော်ဖန်တီးတဲ့
ကျြငခ ကလည်း
ကျွန်တော့်ရဲ့
Life အကြောင်းတွေ
က ဆက်နွယ်ပြီး
ပါလာမှာဆိုတော့
ကျွန်တော့်သားရဲ့
ကဏ္ဍကလည်း သီချင်းထဲမှာ
သူ့ဟာနဲ့သူတော့
ပါနေမှာပဲ...။
ဒါ ကျွန်တော်ယုံကြည်ထားတဲ့
ကျွန်တော့်ရဲ့
Life ပဲ ...။
ကျွန်တော့်ရဲ့
Hip-Hop ပဲ...။
ချမ်းအေးဝင်းနဲ့
သားလေးကို
ကိုယ့်လိုပဲ
ဂီတသမားဖြစ်စေချင်လား
...။
အမှန်အတိုင်း
ပြောရင်တော့
ဖြစ်စေချင်ပါတယ်
...။ ဒါပေမယ့်
တစ်ကယ်တမ်းဆိုရင်
ပင်ပန်းတယ်ဗျ
... ဒီ အနုပညာလောက
က သူ့အနေနဲ့
သူလျှောက်ရမယ့်လမ်းက
ပင်ပန်းမှာစိုးရိမ်တယ်
...။ သူက ယောက်ျားလေးဆို
တော့ သူဖြစ်ချင်တာတစ်ခုကိုတော့
ဖြစ်အောင်လုပ်ခွင့်ရှိတယ်။
အဲဒီအတွက်
သူလုပ်ခဲ့ရင်လည်း
ကျွန်တော်က
အပြည့်အ၀ကို
ပံ့ပိုးမှာပဲ
...။
မိသားစုဘဝ
ပိုင်ဆိုင်ထားတော့
ဘ၀စိတ်ထား
ပြောင်းလဲမှုတွေ
ရှိလာပြီလား
...။
ပြောင်းလဲသွားတာပေါ့။
ကလေးအဖေတစ်ယောက်
ဖြစ်သွားပြီဆိုတော့
အခြေအနေ အချိန်အခါအရ
ပြောင်းလဲသင့်သလောက်
ပြောင်းလဲသွားတာပေါ့...။
ချမ်းအေးဝင်းနဲ့
ပရိတ်သတ်ဆီက
တစ်ခုခုလိုချင်တာများ
ရှိမလား ...။
ခုလိုအားပေးတဲ့အတိုင်း
ဆက်ပြီးတော့
အားပေးမယ်ဆိုရင်တော့
ကျွန်တော်လည်း
သီချင်းတွေအများကြီး
ဆက်လုပ်ပြနိုင်ဦးမှာပါလို့
... ဒီတော့ ဆက်ပြီး
ကျွန်တော့်ကို
အားပေးကြပါလို့
... ကျေးဇူးတင်ပါတယ်လို့
...။
သံယောဇဉ်
[Photo ကိုလင်း]