2009 Julyတနင်္ဂနွေသားသမီးများ
- ယခုလအတွင်း
မျက်စိနဲ့ပတ်သက်လို့
စိတ်အနှောက်အယှက်
ဖြစ်ရလိမ့်မယ်။
မျက်စိနဲ့ပတ်သက်လို့
ဆိုရာမှာ မြင်ရ၊
တွေ့ရတာတွေနဲ့လည်း
ပတ်သက်နိုင်ပါတယ်။
အခွင့်အရေးကောင်းတစ်ခု
ကိုယ့်ရှေ့တည့်တည့်
ရောက်လာလိမ့်မယ်။
လုပ်ငန်းတူသူထဲက
ယူဆောင်လာမှာပါ။
ချက်ချင်းဆောင်ရွက်မှ
ကိုယ့်အတွက်
အကျိုးရှိနိုင်တယ်။
နှလုံးသားရေးရာမှာတော့
ရှေ့မတိုး
နောက်မဆုတ်
ဖြစ်နေရလိမ့်မယ်။
မိသားစုအရေးမှာ
ကိုယ့်စကားမအောင်ဖြစ်တဲ့အဖြစ်
ကြုံရတတ်တယ်။
စီးပွားရေး
မဆိုစလောက်တိုးတက်မယ်။
ဝီရိယကောင်းကောင်း
ထားပါ။ အနီးအနား
(သို့) လုပ်ငန်းခွင်ထဲက
မိတ်ဆွေတစ်ဦးက
အလှူပွဲကြီးတစ်ခုလုပ်လိမ့်မယ်။
အဲဒီအလှူကို
အုန်းခွံရောင်ပါတဲ့
အ၀တ်အစား၊
ဖိနပ် စသည်ဖြင့်
ဝတ်ဆင်သွားပါ။
မကြာခင် သင့်ဆုတောင်းတွေ
ပြည့်လာနိုင်ပါတယ်။ တနင်္လာသားသမီးများ
- ဒီလရဲ့ ၂၈၊
၃၀ (၂) ရက်ကို
ဖယ်လိုက်မယ်ဆိုရင်
ကျန်တဲ့နေ့စွဲတွေဟာ
ရွှေရောင်တွေပါပဲ။
အထူးသဖြင့်
၃၊ ၁၇၊ ၂၁ ရက်တွေဟာ
ပိုတောက်ပနေလိမ့်မယ်။
တယ်လီဖုန်း
သို့ စာ သို့
အီးမေးလ် တွေက
တစ်ဆင့် သတင်းကောင်းတစ်ခု
ကြားကိုကြားရလိမ့်မယ်။
ကိုယ်ဖြစ်ချင်တဲ့အတိုင်း
တစ်ခုပြီးတစ်ခု
ဖြစ်လာလိမ့်မယ်။
ဒါပေမယ့် ဘဝ
အပြောင်းအလဲတော့
မဟုတ်ဘူး။
လက်ရှိအခြေအနေက
တိုးတက်ဖို့အတွက်
မြေယာ စိုက်ခင်းတွေနဲ့ပတ်သက်တဲ့
အလုပ်တွေကို
စဉ်းစားသင့်တယ်။
နီးစပ်ဖို့
(သို့) ဖွင့်ပြောဖို့
ကြံစည်ထားသူတွေကတော့
အိတ် (သို့) ထမင်းဘူး
ဝယ်ပြီးမှ
အကောင်အထည်
ဖော်သင့်တယ်။
ညာဖက်ခြေထောက်မှာ
အနာစိမ်းတစ်ခု
ပေါက်လိမ့်မယ်။
ပညာရေးနဲ့ပတ်သက်တဲ့
စာအုပ်တစ်အုပ်
ပျောက်လိမ့်မယ်။
ဒီလထဲ မွေးနေ့မှာ
ခေါင်းလျှော်ပေးပါ။ အင်္ဂါသားသမီးများ
- အပြောင်းအလဲများနဲ့
ကြုံတွေ့ရလိမ့်မယ်။
လုပ်ငန်းသစ်
စတင်ရလိမ့်မယ်။
လုပ်ငန်းခွင်ထဲက
ဝန်ထမ်းတွေကြောင့်
ပင်ပန်းနေရလိမ့်မယ်။
အ၀တ်အစားအသစ်တွေ
ဝင်မယ်။ လျှပ်စစ်ပစ္စည်း
အသေးအဖွားလေးတွေ
ပျက်တတ်တယ်။
အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့
မကြာခဏ ပြဿနာရှာတတ်သူကြောင့်
အတားအဆီးသဖွယ်
ဖြစ်တတ်တယ်။
ဒါပေမယ့် ၀င်ငွေ
အတန်အသင့်
ကောင်းမယ်။
ဘာသာရေးဘက်စိတ်ရောက်နေမယ်။
ညာဘက် ခါး၊
မျက်စိ၊ လက်
ကိုက်ခဲတတ်တယ်။
မကြာခင် ပျောက်သွားမယ်။
အဓိဌာန်တစ်ခု
လုပ်သင့်တယ်။
နဂိုအခြေအနေကနေ
ကောင်းတဲ့ဘက်ကို
စတင်ရောက်ရှိတဲ့
ကာလပါ။ ဗုဒ္ဓဟူးသားသမီးများ
- သံသရာစက်ဝန်း
တစ်ပတ်ပြန်လည်သလိုမျိုး
ဖြစ်နေလိမ့်မယ်။
ဟိုးအရင်က
ဖြစ်ပြီးသားအဖြစ်အပျက်တွေ၊
ပြောပြီးသားစကားတွေ၊
ရောက်ပြီးသားနေရာတွေ
ပြန်ဖြစ်၊
ပြန်ပြော၊
ပြန်ရောက်
နေရလိမ့်မယ်။
ဒါ့အပြင် မဆိုင်တာတွေ
ဝင်ပါမိလို့
နာမည်ပျက်ကိန်း
ကြုံရတတ်တယ်။
ကိုယ့်ဘက်က
စိတ်ရင်း စေတနာကောင်းထားနိုင်မှ
အရာရာ ကျော်ဖြတ်နိုင်လိမ့်မယ်။
အရင်းအနှီးတွေ
ပိုများလေ
ဆုံးရှုံးမှုပိုများလေ
ဖြစ်နေတတ်တယ်။
ဒီလရဲ့ ၂၅ ရက်မတိုင်မီအထိ
သတိဝီရိယ ထားပေးပါ။
ဒါပေမယ့် မေတ္တာရေးကတော့
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။
အဖြူရောင်သန်းတဲ့
ပန်းသီးကို
မကြာခဏ စားပေးပါ။
ဘာသာရေးအတွက်
အချိန်ပိုပေးပါ။ ကြာသပတေးသားသမီးများ
- ငွေအ၀င်အထွက်
နည်းနည်းမြန်နေလိမ့်မယ်။
ဒါပေမယ့် အ၀င်ကပိုများနေပါတယ်။
ခရီးထွက်ချင်စိတ်ပေါ်နေလိမ့်မယ်။
တောင်ဘက်အရပ်ကို
သွားသင့်တယ်။
အိမ်ရှင်မတွေ
မီးဖိုချောင်မှာ
ပြောင်းလဲမှုတစ်ခုခုနဲ့
ကျေနပ်နေလိမ့်မယ်။
ရပ်ဝေးရောက်
မိသားစုဝင်တစ်ဦးဆီကို
သွားဖို့ ကြံစည်နေလိမ့်မယ်။
သူ့ဆီက အလုပ်တိုးတက်မှုကို
ယခုလကုန်ပိုင်းလောက်မှာ
ကြားသိရလိ့မယ်။
အနုပညာရှင်များနဲ့
မမျှော်လင့်ဘဲ
လုပ်ငန်းအတူ
လုပ်ဖြစ်လိမ့်မယ်။
၉ န၀င်း ပုတီးအဓိဌာန်ကို
အာရုဏ်ရောက်ချိန်တိုင်း
ပြုသင့်တယ်။
အ၀ါရောင် မကြာခဏ
ဝတ်ပါ။ စပျစ်သီးများများ
စားပေးပါ။
စိတ်ဆန္ဒတွေ
ပြည့်စုံပါလိမ့်မယ်။ သောကြာသားသမီးများ
- ငွေကြေး ခေတ္တခဏ
မပြေမလည် ကြုံရတတ်တယ်။
ဒါပေမယ့် တစ်နည်းနည်းနဲ့
ဖြေရှင်းနိုင်မှာပါ။
ဒီအကျပ်အတည်းပြီးတာနဲ့
ပျိုးလက်စလုပ်ငန်းတစ်ခုကနေ
ငွေကြေးပမာဏ
ကြီးကြီးမားမား
ရလိမ့်မယ်။
အဆက်အသွယ်တွေကနေ
ကောင်းတဲ့အပြောင်းအလဲ
တစ်ခုခု ဖြစ်လာလိမ့်မယ်။
ဖုန်း၊ စာ၊
အီးမေးလ်တွေနဲ့
အချိန်ကုန်ရတတ်တယ်။
ပညာရပ်တစ်ခုခုကို
စတင်လေ့လာသင့်တဲ့အချိန်ပဲ။
နှလုံးသားနဲ့
ဦးနှောက်
တစ်ကန့်စီ
ထားတတ်တဲ့အတွက်
၂၀၀၉ ဟာ လူလွတ်တွေအဖို့
တစ်ကိုယ်ရေပါပဲ။
ယခုလအတွင်း
အလုပ်နဲ့ပတ်သက်ပြီး
ခရီးတို မကြာခဏ
ထွက်ရလိမ့်မယ်။
အဲဒီလိုသွားတိုင်း
အစိမ်းရောင်
လက်ကိုင်ပုဝါကို
ဆောင်ထားသင့်တယ်။
ကျန်းမာရေး
သင့်ပါတယ်။ စနေသားသမီးများ
- ၀မ်းပျက်တတ်တယ်။
လုပ်ငန်းခွင်မှာ
ကသိကအောက်ဖြစ်တတ်တယ်။
ဒါပေမယ့် ကိုယ့်ကို
အသိအမှတ်ပြုစေတဲ့
တာဝန်မျိုး
ယူရတတ်တယ်။
ငွေရေးကြေးရေး
ပုံမှန်အခြေအနေ
အတိုင်းပါ။
စပ်တူလုပ်ငန်းတစ်ခု
ကမ်းလှမ်းခံရမယ်။
လက်ခံသင့်ပါတယ်။
မရင်းနှီးသေးသူတစ်ယောက်ရဲ့
စိတ်ဝင်စားခြင်းကို
ခံရတတ်တယ်။
ရပ်ဝေးဧည့်သည်
၃ ဦးထက်မနည်း
ရောက်လာလိမ့်မယ်။
သူတို့ကို
မုန်လာဥဖြူ
ပါတဲ့ ဟင်းတစ်ခွက်
ထည့်ချက်ကျွေးလိုက်ပါ။
အညံ့တွေ တစ်ချို့တစ်ဝက်
ပြေပျောက်သွားလိမ့်မယ်။
ကျန်းမာရေး
ပြဿနာ မရှိပါ။
မိဘ ဆရားသမား
များထံ မကြာခဏ
ဝင်ထွက်ပေးပါ။ |