Latt Latt Fashion Shop



ဆန်းသစ်တဲ့ ကိုယ်ပိုင်စိတ်ကူးတွေကို ပိတ်စပေါ်မှာ ဒီဇိုင်းများစွာ တီထွင်ချုပ်လုပ်နေပြီး ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ဖက်ရှင်ရှိုးများကို ပြုလုပ်နေတဲ့ Latt Latt Fashion Shop ကိုဖွင့်လှစ်ထားတဲ့ ဒီဇိုင်နာ လတ်လတ် နဲ  ကျွန်တော်တို့ရဲ့ SHWE GYOE PYHU MEDIA အဖွဲ့သားများ တွေ့ဆုံမေးမြန်းခဲ့ပြီး ပြောဖြစ်ခဲ့သမျှနဲ့

ဒီဇိုင်နာ မလတ်လတ်ရဲ့ ၀တ်စုံဒီဇိုင်းအချို့ကို SHWE GYOE PHYU ONLINE ကို ၀င်ရောက်နေသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

·        ဒီဇိုင်းပညာကို ဘယ်အချိန်လောက်ကစပြီး စိတ်ဝင်စားလေ့လာခဲ့ပါသလဲ။

ငယ်ငယ်ကတည်းက ပန်းချီပညာကို စိတ်ဝင်စားခဲ့ပါတယ်။ ဆယ်တန်းအောင်တဲ့ (------ခုနှစ်)ကစပြီး ဒီဇိုင်နာတစ်ယောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။

 

·        မလတ်လတ် ဒီဇိုင်းပညာကို ဘယ်သူတွေ ဘယ်သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူခဲ့ပါသလဲ။

အမေ့ဆီက စက်နဲ့ပတ်သတ်တဲ့ပညာ ၊ စက်ပန်းထိုး - လက်ပန်းထိုး၊ Handmade ပညာတွေကို အခြေခံက စပြီး သင်ယူခဲ့ပါတယ်။ အမေ့ရဲ့ ပညာအားလုံးကို ရခဲ့ပါတယ်။ ပြည်ပနိုင်ငံများမှာလည်း သွားရောက် လေ့လာရင်း ဒီဇိုင်းပညာကို သင်ယူခဲ့ပါတယ်။

 

·        မလတ်လတ်က ပိတ်စပေါ်မှာ ပန်းချီဆွဲတာသိပ်တော်တာပဲနော် --- အဲဒီ စိတ်ကူးလေးရခဲ့ပုံကို ပြောပြပါဦး။

ငယ်ငယ်တုန်းက သင်ယူခဲ့တဲ့ ပန်းချီပညာကို စာရွက်ပေါ်မှာမဟုတ်ဘဲ ပိတ်စပေါ်မှာဒီဇိုင်းဆွဲရင် ထူးခြားမှု ရှိမယ်လို့ ယူဆပြီး လုပ်ကိုင်ခဲ့တာပါ။

 

·        ဒီဇိုင်းပညာကို စိတ်ဝင်စားသူ လေ့လာလိုသူတွေအတွက် မလတ်လတ်ရဲ့ အကြံပြုချက်လေး ပြောပေးပါ။

ဒီဇိုင်းပညာကို သင်ယူပြီးရင် ကိုယ်ပိုင်အတွေး ကိုယ်ပိုင်စိတ်ကူး Creation ပိုင်းကို ဒီအတိုင်းမထားဘဲ ကိုယ့်ရဲ့ Brain ကို လွှာသုံးတတ်ဖို့လိုတယ်လို့ အကြံပြုချင်ပါတယ်။

 

·        အခုလက်ရှိ မလတ်လတ် ဘယ်လိုဒီဇိုင်းတွေကို ဖန်းတီးပြုလုပ်နေပါသလဲခင်ဗျ။

Hand Made နဲ့ ပန်းချီပေါင်းစပ်မှုဖြစ်တဲ့ Speriam နဲ့ Emboss ပေါင်းစပ်ထားတဲ့ ဒီဇိုင်းမျိုး ပြုလုပ်နေပါတယ်။

 

·        ဒီ2009 အတွင်းမှာ မလတ်လတ်ရဲ့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ ဖက်ရှင်ရှိုးပွဲကို ပြုလုပ်ဖို့ ရှိပါသလား။

2009 အလွန်မှာတော့ ပွဲလုပ်ဖို့စီစဉ်ထားပါတယ်။

 

 

ဧည့်ခံပွဲပေါင်းများစွာမှာ ထင်ရှားပေါ်လွင်လှပလိုသူများအတွက် အနုပညာလက်ရာမြောက်စွာ တီထွင်ဆန်းသစ်ထားတဲ့ ၀တ်စုံများကို ဖန်တီးပြုလုပ်ပေးနေတဲ့ Fashion Designer Latt Latt ရဲ့ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကတော့ Show Room No.1: Buld 59, Rm 11 (1st Floor), KaBaAye Pagoda Road, Parimi. Ph : 665869 Show Room No. 2: Parami Road, Parami Juction, Mayangone Township, Yangon, Myanmar.  Phone : 95-1-577799, 95-1-667938

 

Power by Duo-Motion