ကဗျာများကိုချစ်မြတ်နိုးစွာ
ပြုစုရင်း ဂီတနက်သန်သီချင်းများကို
တရှိုက်မက်မက်
ဖွင့်ဆိုသူ၊
ရိုးရာ မြန်မာမှုများဖြင့်
မြန်မာ့သဘင်စင်အမြင့်ဝယ်
ဂုဏ်သတင်းကြီးမားသူ
သဘင်ပညာရှင်
“မန္တလေးသိန်းဇော်”
ရဲ့ စကားများကိုလည်း
နားထောင်ကြရအောင်။ |
-
အစ်ကို့အနေနဲ့
ဒီနှစ် သင်္ကြန်မှာ
ဘာတွေလုပ်ဖို့
စီစဉ်ထားပါသလဲ့
?
-
အင်း..သင်္ကြန်အစီအစဉ်ကတော့
ဘုရားကြီးမှာ
(ကျိုက်ထီးဆောင်းစေတီတော်မှာ)
ရှိမယ်။ အခုအချိန်မှာတော့
သင်္ကြန်မှာ
နားနားနေနေဘဲ
နေချင်တော့
... ဘာသာရေးလေးလုပ်ပြီးနေတော့မယ်လို
ဆုံဖြတ်ထားပါတယ်..
-
သင်္ကြန်နားနီးနေပြီတော့
သင်္ကြန်နှင့်ပတ်သက်ပြီးတော့
ဘယ်လို ခံစားချက်တွေ
ဖြစ်ပေါ် လာသေးလဲ
…
-
အင်း
...သင်္ကြန်နဲ့ပတ်သက်ပြီးတော့ အခုနောက်ပိုင်း
သိပ်အားမရတော့ဘူး။
ဘယ်လိုလဲ့ဆိုတော့ သင်္ကြန်မှာ
ဘယ်နေရာ ကြည့်ကြည့်
မြန်မာမူ ၊
မြန်မာ့ဟန်တွေ
ပြီးတော့ မြန်မာအသံတွေ
သိပ်မတွေ့ရ၊
မကြားရတော့ဘူး၊
အရင်ကလို့
‘တူးပိုတူးပို”
ဆိုတဲ့ မြန်မာအသံတွေ၊မြန်မာအက
ဟန်တွေကို
သင်္ကြန်မှာ
ဖြစ်စေချင်တယ်၊
မြန်မာမှုတွေအပြည့်နဲ့
မြန်မာ့ရိုးရာသင်္ကြန်
မဏ္ဍပ်ကြီးတွေ
တွေ့ချင်ပါတယ်။
-
ဟုတ်ကဲ့..သင်္ကြန်နှင့်ပတ်သက်ပြီးတော့ရော
ဘာပြောချင်သေးလဲခင်ဗျာ
?
-
သင်္ကြန်နားလည်းနီးပြီဆိုတော့
လူငယ်တွေ ဆံပင်တွေ
ဆေးရောင်စုံ
ဆိုးမယ်… ပြီးတော့
သင်္ကြန်အတွင်းမှာ
မိန်ကလေးတွေ
ဒူးပေါ်ဗိုက်ပေါ်
ဝတ်ကြမယ်၊
သောက်ပြီးမူးကြမယ်၊
ရန်ဖြစ်မယ်၊
ထိခိုက်ကြမယ်၊
ဒါကြောင့်
သင်္ကြန်မှာ
လူငယ်တွေ ရန်မဖြစ်ကြဖို့
မထိခိုက်ကြဖို့
ပြောချင်ပါတယ်..
-
နောက် မျိုးဆက်သစ်လူငယ်တွေအတွက်
“အားရှိမယ့်
စကားလေး” တစ်ခွန်းလောက်
ပြောပေးပါလား
?
-
လူငယ်တစ်ယောက်အနေ့နဲ
သူစဉ်းရမှာက
“လူဆိုတာ တစ်ခါတစ်ရံ
ကိုယ့်အိပ်ကပ်ထဲမှာ
ငွေလက်ကျန်
ဘယ်လောက်ရှိသေးလဲလို့
ကြည့်ဖြစ်ကြရသလို
လူငယ်လေးတွေအနေနဲ့လည်း
ကိုယ့်ကိုကိုယ်ပျိုးထောင်ဖို့
အခွင့်အရေး
လောက်ရှိသလဲ့
၊ ဘ၀ တည်ဆောက်ဖို့အတွက်
အခွင့်အရေးတွေ
အချိန်တွေ
ငါ့မှာ ဘယ်လောက်
ကျန်သေးလဲ့ဆိုတာကို
ချိန်ဆပါ၊
စဉ်းစားပါ၊
အချို့ဘ၀တွေက
သက်သောင့်သက်သာ
တည်ဆောက်နိုင်ခဲ့ကြပေမယ့်
တချို့တွေကျတော့
ရုန်းကန်တိုးဝှေ့ပြီး
အခွင့်အရေးရခိုက်မှာ
အမိအရ ဖမ်းယူနိုင်မှ
ရကြတယ်.. အခွင့်အရေးဆိုတာက
အရှင်လေ... ပေါ်လာတဲ့အချိန်မှာ
အပိုင်အနိုင်
ဖမ်းယူနိုင်ကြရမယ်။
အမြဲတမ်းကြီး
ကိုယ့်ရှေ့မှာ
မြင်နေရှိနေမယ့်အရာ
မဟုတ်ဘူး...။
ဒါကိုသေသေချာချာ
ချိန်ဆပြီး
ကြိုးစားပါလို့...
-
ကျေးဇူးတင်ပါတယ်
အစ်ကို … ။
|