![]() အကယ်ဒမီမြတ်ကေသီအောင်နဲ့
ပြောဖြစ်ခဲ့တဲ့အနုပညာအကြောင်း
|
|
ရုပ်ရှင်၊ဗီဒီယိုသရုပ်ဆောင်လောကမှာ
သရုပ်ဆောင်ကောင်းသူ
တစ်ယောက်အဖြစ်
ပရိသတ် အသိအမှတ်ပြု
ခံထားရပြီး
အကယ်ဒမီ ဆိုတဲ့ရွှေစင်ရုပ်ထု
ချီးမြှင့်ခံထားရသူ
အကယ်ဒမီမြတ်ကေသီအောင်နဲ့
သရုပ်ဆောင်မှုအနုပညာအကြောင်း
တစေ့တစောင်းပြောဆိုခဲ့သမျှ
Shwe Gyoe Phyu Online ပရိသတ်အတွက်
မိတ်ဆက်ခံစားစေချင်တာက... မကေအခုနောက်ပိုင်း
ဇာတ်ကားတွေရိုက်တဲ့အခါ
Character ရွေးချယ်မှုတွေရှိလာပြီလား
… ? ရွေးလာပြီလားဆိုတော့
မကေတို့ကအစကတည်းက
ရွေးချယ်ခွင့်
မရှိခဲ့ပါဘူး
... ဘာလို့လဲဆိုတော့
ကိုယ့်ကိုလာခေါ်တဲ့အပေါ်မူတည်ပြီး
လိုက်ဖက်မယ်ထင်လို့
လာငှားတဲ့အနေအထားမှာဆိုတော့
မကေသိပ်မရွေးချယ်
ပါဘူး ...ဒါပေမယ့်
ကိုယ့်အနေအထား၊
ကိုယ့်အသက်အရွယ်နဲ့
သိပ်ကလေးဆန်တဲ့ဇာတ်ရုပ်မျိုးကျရင်
မလိုက်ဘူးထင်ရင်တော့
နည်းနည်း ရွေးချယ်ချင်ပါတယ်...။ အမေအရွယ်၊
အဒေါ်အရွယ် ဇာတ်ရုပ်တွေအရိုက်များလာတာတွေ့ရတယ်နော်။
မကေရဲ့ အရွယ်နဲ့
ဒီဇာတ်ရုပ်တွေ
ရိုက်တာ မစောလွန်းဘူးလား
... ? အခုနောက်တက်လာတဲ့
မင်းသား၊မင်းသမီးတွေ
တအားငယ်ကြ တာကိုး၊
မကေရဲ့ အနေအထားက
ခုချိန်အလွန်ဆုံးငယ်ရင်
အစ်မနေရာပဲပေါ့...
(ရီ၍…) မျိုးဆက်သစ်သရုပ်ဆောင်လေးတွေမှာအားသာမှု၊
အားနည်းမှုတွေရှိရင်
မြင်သလောက်ပြောပေးပါဦး
... ? အခုတက်သစ်စလေးတွေမှာတစ်ချို့ကျတော့လည်း
တအားကြိုးစားပါတယ်
... တစ်ချို့ကျတော့
မလုပ်တတ်ဘူး။
အဲလိုစိတ်ကလေးရှိပြီး
မလုပ်တတ်တဲ့လူစားမျိုးကျတော့
မကေတို့က တွဲခေါ်လို့ရတယ်လေ။
အချိန်လည်းမကုန်ဘူး။
မကေ ရိုက်ထားတဲ့
အသစ်တွေ အနေအထားမှာတော့
အားလုံးက ကြိုးစားကြတယ်
...။ စိတ်ဝင်စားမှုတစ်ခုကိုတော့
မကေ သတိထားမိတယ်။
တစ်ချို့တွေက
တအားစိတ်ဝင်စားတယ်။
မလုပ်တတ်ပေမယ့်
သူများတွေကိုလိုက်ကြည့်တယ်
... ရူးသွပ်တယ်။
တစ်ချို့စိတ်ဝင်တားမှုလည်း
မရှိတော့ အရမ်းခက်ခဲတယ်
... ။
ပရိသတ်အားပေးမှုကြား
နှစ်ရှည်လများရပ်တည်နိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့
ဘာတွေလိုအပ်မယ်ထင်လဲ
... ? မကေတို့
ဟိုး အရင်တည်းက
နှစ်ပေါင်းများစွာကြာအောင်လုပ်လာတဲ့
သရုပ်ဆောင်တွေထဲမှာ
ဘာဖြစ်လို့ကျန်နေလဲဆိုရင်
ကိုယ်လုပ်တဲ့အလုပ်ပေး
ခုချိန်ထိ စိတ်ဝင်စားတယ်။ကိုယ့်နေရာလေးကို
မင်းသမီးဆိုတဲ့
စိတ်မျိုးမမွေးတော့ဘဲ
အဒေါ်ဆိုလည်းအဒေါ်၊
အမေဆိုလည်း
အမေအခန်းတွေ၊
အစ်မဆိုလည်းအစ်မနေရာ ပီပီပြင်ပြင်လုပ်မယ်ပေါ့။
တစ်ချို့အသစ်လေးတွေက
အခန်းမကောင်းရင်
မလုပ်ချင်ကြဘူး။
မတတ်သာလို့သာ
လုပ်လိုကရပေမယ့်
စိတ်မပါတဲ့အတွက်
အိုက်တင်ပိုင်းမှာလျော့သွားတာပေါ့။
မကေတို့ကျတော့
ဒါမျိုးမရှိတော့ဘူး။
ဘယ်နေရာဘဲလုပ်ရလုပ်ရ
စိတ်ပါလက်ပါနဲ့
လုပ်တဲ့အတွက်
ဒီနေ့ဒီအချိန်ထိ
နေရာလေးတစ်နေရာ
ရနေတယ်လို့
ထင်တယ်လေ။ အနုပညာလောကရဲ့
ပြောင်းလဲလာမှုအပေါ်
ကိုယ်တိုင်ကြုံတွေ့ရတဲ့
ခံစားချက်ဖြစ်ရပ်တွေကိုပြောပြပါဦး
... ? အခုဆိုရင်
ခါတိုင်းလို
အလုပ်ကလေးမစိပ်တော့ဘူး၊
နည်းနည်းကျဲလာတယ်၊
ဒီစီးပွားရေးကျပ်တဲ့အပေါ်မှာ
မူတည်ပြီး မကေတို့
အလုပ်တွေပါ
ထိလာတယ်။ ပြီးတော့
ခိုးကူးခွေဆိုပြီးတော့
အနေထေား တွေကြောင့်
... ဒါကလည်း အများနဲ့ဖြစ်လာတဲ့အတွက်
ကိုယ်တစ်ယောက်လည်း
မဟုတ်တော့ ဖြေသာပါတယ်...။ ခုချိန်မှာ
မကေ ရဲ့ အနုပညာပိုင်းနဲ့
ပတ်သက်ပြီး
ပရိသတ်ကို အချပြချင်ဆုံး
ပုံစံ ဆိုတာရှိမလား
... ? ဘယ်လိုပြောမလဲ...
လုပ်ပြချင်တာမျိုးဆိုတာတော့
သိပ်မရှိတော့ဘူး
။ အစုံတော့လည်း
သရုပ်ဆောင်ခဲ့ပြီးပြီလေ...
မကေရဲ့ စိတ်ထဲမှာတော့
လာခေါ်တဲ့ character
ပေါ်မူတည်ပြီးတော့
ကိုယ်အကောင်းဆုံးလုပ်မယ်လို့ပဲ
တွေးတော့တယ်လေ
... ။ သရုပ်ဆောင်ကောင်းဖြစ်ဖို့အတွက်
ထားသင့်ထားအပ်တဲ့အရာက
... ? သရုပ်ဆောင်ကောင်းဖြစ်ဖို့
အတွက် အဓိက က
စိတ်ဝင်စားမှုရှိရမယ်။
ဘယ်သူမဆို ကိုယ်လုပ်တဲ့
အလုပ်အပေါ် နံပါတ်တစ်
စိတ်ဝင်စားမှု၊
နံပါတ်နှစ်
ကံ၊ ဥာဏ်၊ ၀ီရိယ
ပေါ့။ စိတ်ဝင်စားမှုလေးရှိပြိး
မကေ တို့က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့တွက်
ဇာတ်ကားတွေကြည့်ပြီး
ပညာယူတယ်၊ လေံလာတယ်
... မကေ တို့လည်း
အနုပညာအလုပ်နဲ့
ပတ်သက်ရင် ခုချိန်ထိ
လေ့လာနေရတုန်းပါပဲ
။ မနုပညာနဲ့
ပတ်သက်ပြီး
ရှေ့ဆက်ဘာတွေ
ရည်ရွယ်တားသေးလဲ။
မကေနဲ့ရွယ်တူ
သရုပ်ဆောင်အချို့ဆို
ဒါရိုက်တာတွေ၊
ပရိုဂျူဆာတွေ
လုပ်လာကြတော့လေ
... ? မကေ မှာအနုပညာနဲ့ပတ်သက်ပြီး
ဒါရိုက်တာတို့၊
ပရိုဂျူဆာတို့
ဖြစ်ချင်စိတ်လည်းမရှိဘူး။
မကေကို လာငှားတဲ့အတိုင်းအတာ
အထိ actor ကောင်းတစ်ယောက်အနေနဲ့
ပဲရပ်တည်သွားမယ်လို့
စဉ်းစားထားတယ်လေ။ ဘ၀ဖြတ်သန်းမှုတွေထဲမှာ
စိတ်ညစ်စရာအချိန်တွေ
ကြုံခဲ့ရတုန်းက
ဘယ်လိုဖြေရှင်းခဲ့လဲ
… ? မကေမှာစိတ်ညစ်စရာကြုံတုန်းက
မကေက သိပ်စိတ်ညစ်မခံတတ်ဘူး။
စိတ်ညစ်စရာရှိရင်လည်း
တခါတည်း ဖြေရှင်းလိုက်တယ်။
တစ်ရက်စိတ်ညစ်ရရင်
တစ်နှစ်စိတ်ညစ်ရသလိုပဲ၊
ဒီတော့သိပ်မစဉ်းစားဘူး။
မကေ မှာ အပေါင်းအသင်းမရှိဘူး။
သူငယ်ချင်းတွေမရှိဘူး။
မိသားစုနဲ့ပဲ
ပျော်အောင်ဖန်တီးတယ်။
အခွေတွေကြည့်တယ်။
မိသားစုနဲ့
အချိန်ကုန်လိုက်တာပေါ့လေ
... အကယ်ဒမီ
မြတ်ကေသီအောင်
လို့ဖြစ်လာတဲ့အပေါ်မှာ
ဆုံးရူံးခဲ့ရတာတွေ
ရှိမှာပေါ့
... ? မကေတို့က
အနုပညာသမားဖြစ်နေတာကြောင့်
လူစိတ်ဝင်စား
ခံရတာဖြစ်တယ်၊
သွားတာလာတာ၊
နေထိုင်တာ နည်းနည်းလေးမှားရင်
အများကြီးမှာသလို
ဖြစ်တယ်။ ပြောခံရတယ်။
အဲဒီ့အတွက်
မကေ တို့မှာ
သာမာန်လူတွေနဲ့
မတူတဲ့ အခွင့်အရေးတွေအများကြီးဆုံးရှုံးခဲ့ရတယ်။ နည်းပညာတိုးတက်မှုကြောင့်
အနုပညာသမားတွေအတွက်
ကောလဟလတွေ ပိုများလာတဲ့အပေါ်
မင်းသမီး တစ်ယောက်မနေနဲ့
ဘာပြောချင်လဲ
... ? ကောလဟလ ဆိုတာတော့
အနုပညာရှင်တိုင်းနဲ့
မကင်းဘူးပေါ့နော်။
ဒါပေမယ့် တကယ်မဟုတ်ဘဲနဲ့
အပြောခံရရင်
အဲဒီ့ကာယကံရှင်အတွက်
အရမ်းနစ်နာတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊
မိန်းကလေးပဲဖြစ်ဖြစ်
ကိုယ်ကျင့်တရားနဲ့
ပတ်သက်ပြီးကပြောခံရရင်
ဘယ်သူမဆိုထိခိုက်တာပါပဲ။
ဘယ်သူ့ကိုမှ
မနစ်နာစေချင်ဘူး။
မင်းသမီးဆိုတော့ပိုဆိုးတာပေါ့။
မကေ ကိုယ်ချင်းစာတယ်။
ကိုယ်တိုင်လည်း
ကောလဟလတွေ ကြုံဖူးတယ်...
အဲဒါတွေကလည်း
အချိန်တန်ပျောက်သွားမှာပဲ
ဆိုပြီးနေပေမယ့်
နည်းနည်းတော့
ကိုယ့်ကိုဂယက်ရိုက်တာပဲ
ခုဆိုနည်းပညာတွေ
တအားတိုးတက်နေတဲ့အချိန်မှာ
အရမ်းဆင်ခြင်နေရတယ်။
သူငယ်ချင်းအချင်းချင်းတောင်
ဓါတ်ပုံ ရိုက်မခံရဲလောက်အောင်
ဖြစ်နေရပြီလေ။
ခုမင်းသမီးအငယ်လေးတွေဆို
လှလည်းလှတယ်၊
အောင်မြင်ကျော်ကြားမှုတွေလည်းရှိတော့
သူတို့ကို ကောင်းတဲ့သတင်းလွှင့်ချင်သလို
မကောင်းတဲ့သတင်းလွှင့်ချင်သူတွေကလည်းတပုံကြီးပဲလေ။
အဲဒီ့အတွက်
အများကြီး ဆင်ခြင်ရတယ်။
သာမန်အရပ်သူတစ်ယောက်နဲ့
မတူဘူး။ အနုပညာသည်တစ်ယောက်
က အခွင့်အရေးတွေ
ဆုံးရှုံးတယ်။ မင်းသမီးငယ်လေးတွေရဲ့
ပြုမှုပြောဆိုမှုတွေနဲ့
ပတ်သက်ပြီးတော့ရော
ဘယ်လိုအကြံပေးချင်လဲ
... ? ကိုယ်ကကျူး၊
ကိုယ့်ဒူးတောင်မယုံရဆိုတဲ့
စကားအတိုင်းပဲ
... ဘယ်သူကိုမှ
မယုံစေချင်ဘူး။
မကေ ဆိုလည်း
ဘ၀နဲ့ ရင်းပြီးရခဲ့တဲ့
သင်ခန်းစာတွေတစ်ပုံကြီး...
လူတစ်ယောက်ကို
ယုံမိတယ်။ လူတွေကို
ယုံမိတယ် ။ အဲဒီ့အတွက်
နစ်နာစရာရှိရင်
ကိုယ်ပဲ နစ်နာတယ်။
ကိုယ့်စိတ်နဲ့
မတူတော့ သူတို့လုပ်ချင်တာတွေ
လုပ်တဲ့အတွက်
ဘယ်သူ့ကိုမှ
မယုံစေချင်ဘူး။ မကေရဲ့
ရှေ့ဆက်မယ့်
မနက်ဖြန်တွေအတွက်ဘာတွေစဉ်းစားထားသေးလဲ
... ? မကေရဲ့ မနက်ဖြန်တွေကတော့
အလုပ်တွေလုပ်ရင်း
ပျော်ပျော်ကြီးပဲ
ရှေ့ဆက်သွားမှာပေါ့... “ သံယောဇဉ်” |