





ကိုနေနော်
အခု ဘာစာအုပ်တွေရေးနေပါသလဲ---
လုံးချင်းလား?
ဝထ္ထုတိုလား?
အခု--၀ထ္ထုတိုပေါင်းချုပ်တစ်အုပ်
ထုတ်နေပါတယ်။
သင်္ကြန်ပြီးရင်တော့
ဖြောင့်ချက်
ဆိုတဲ့ ကဗျာစာအုပ်
ထွက်ပါမယ်။
ဖြောင့်ချက်ပြီးရင်
လုံးချင်း
တစ်အုပ်ထွက်ပါမယ်။
ဆက်တိုက် ထုတ်ဖြစ်ပါမယ်။
လွန်ခဲ့တဲ့
၅နှစ်လောက်အတွင်းမှာ
စာအုပ်ထွက်တာ
မတွေ့ရဘူးနော်--စာအုပ်မထွက်ဖြစ်ရုံပဲလား
?-စာကို မရေးဖြစ်တာလား
?
လုံးဝမရေးဖြစ်သလောက်ဖြစ်သွားတယ်---
2000 ခုနှစ်လောက်မှာ
တစ်အုပ်ထွက်ပြီး
2003 နောက်ပိုင်းကစပြီး
မထွက်ဖြစ်တာပေါ့
အရေးပါ ရပ်သွားတယ်။
အခု ၁ နှစ်လောက်အတွင်းမှာမှ
ပြန်ရေး/ပြန်ထွက်ဖြစ်တာပါ။
အစ်ကိုရဲ့
စာရေးသက် နှစ်
၂၀ ရှိခဲ့ပြီဆိုတော့
စပြီး ရေးဖြစ်တဲ့ကာလတုန်းက
ရေးတဲ့ပုံစံနဲ့
အခုအချိန်မှာ
ဘယ်လိုတွေကွာသွားပါသလဲ?
အခုပြသနာကအဲဒါဖြစ်တာ ရေးမရဘူးဆိုတဲ့ပြသနာပေါ့။ စပြီးရေးကာစတုန်းက ရေးချင်သလိုရေးခဲ့တာ---အခုစာရေးသက် နည်းနည်းရလာတော့ ရေးသင့်တာကို ရေးတာ---ရေးချင်သလိုရေးတုန်းက shock မရှိဘူး။ ရေးလည်းရေးဖြစ်တယ်ပေါ့နော်--အလုပ်လည်းလုပ်ဖြစ်တယ်-- အခု ရေးသင့်တာပဲရေးတော့မယ်ဆိုတော့တစ်မျိုးပဲ--- ကိုယ့်ဘက်ကရေးချင်ပေမယ့် ရေးလို့မကောင်းတဲ့ဟာမျိုးဖြစ်နေတဲ့ အကန့်အသတ်တွေရှိနေပြီ ဆိုတော့လေ---အရင်တုန်းက ကိုယ်ကလည်း လူငယ် ဖြစ်နေတော့ ဘာမှနားမလည်ဘူးလေ---ရေးချင်စိတ်တစ်ခုထဲနဲ့ ရေးတာ---ရေးချင်တာတွေ အကုန်လုံးရေးဖြစ်တယ် -- အခု ရေးသင့်တာပဲရေးတော့မယ်ဆိုတော့ ကိုယ့်ခေါင်းထဲမှာက ရေးချင်တာတွေဝင်လာပေမယ့် မရေးသင့်ဘူးထင်နေတယ် --- အဲဒါပဲ -- ပြသနာက အဲဒါပါပဲ--- စာရေးသက်နည်းနည်းရလာပြီဆို တော့ ရေးဖို့အကြောင်းအရာတွေကို ရွေးလာဖြစ်ခဲ့တယ်။
နောက်တစ်ခုက
အစ်ကိုအနေနဲ့
စာရေးဖို့
ချဉ်ခြင်းကော
ပြောင်းသွားသေးလား---
တက်ကြွမှုပေါ့-ကျွန်တော့်တို့
ငယ်ငယ်တုန်းကဆိုရင်
အကောင်းမြင်တာများတယ်လေ
လုပ်ချင်တာကို
မဖြစ်ဖြစ်အောင်
လုပ်မယ်ဆိုတဲ့စိတ်မျိုးပေါ့--တက်ကြွမှုများတယ်ပေါ့--အဲဒါမျိုးကို
ပြောတာပါ။
အင်း
--- ရူးသွပ်မှုတော့
နည်းနည်းလျော့သွားတယ်--ဘာကြောင့်လည်းဆိုတော့
လူဆိုတာ သိတဲ့
အကြောင်းအရာများလာလေ
လုပ်ဖို့ကြောက်လာလေလေပဲ---ငယ်ငယ်တုန်းကတော့
မြွေမကြောက်
ကင်းမကြောက်ပေါ့
လုပ်ရဲတယ်---
အခုအသက်နည်းနည်းရလာတော့
သိတာတွေပိုများလာတော့
ဥပမာပေါ့--- ငယ်ငယ်တုန်းကဆိုရင်
နေပူတာလည်း
ဂရုမစိုက်ဘဲ
ဦးထုပ်တွေ
ထီးတွေမဆောင်းဘဲ
ဒီအတိုင်း
“ဒိုး” တာပဲ။
အသက်လေးလည်း
ရလာရော သွေးတိုးတာတို့
နေရောင်ခြည်ဟာ
အရေပြားကင်ဆာ
ဖြစ်နိုင်တာတို့
အဲဒါမျိုးတွေ
သိလာတော့ နေပူထဲထွက်ရမှာကို
ကြောက်လာတယ်။
အသိများရင်
လူက တွေဝေလာတယ်--
အဲဒါကြောင့်
အသိများရင်မကောင်းဘူးလို့
ပြောကြတာပေါ့----
အခု စာရေးကြဲသွားတယ်--အရေအတွက်
နည်းသွားတယ်ဆိုတာ
အဲဒါပါပဲ--သိသင့်တာထက်
ပိုပြီးသိလေ
-- ပိုပြီးမလုပ်ရဲလေ
ဖြစ်လာတာပေါ့---
အရင်တုန်းက
အစ်ကိုရေးတဲ့စာတွေထဲမှာ
အစ်ကိုရဲ့အတ္တကို
တစ်နည်းတစ်နည်းနဲ့
တွေ့ရတတ်တယ်---
အခုကော အဲဒီအတ္တတွေ
ရှိသေးသလား?
အတ္တကော ပြောင်းသွားပြီလား?
ပြောင်းသွားပါပြီ
-- အခုက တစ်မျိုးဖြစ်သွားပါပြီ---
အခုရေးနေတဲ့အမျိုးအစားကို
သတ်မှတ်မယ်ဆိုရင်
ဘယ်လို စာပေအမျိုးအစားလို့
သတ်မှတ်မလဲ?
ဝတ္ထုအမျိုးအစားကို
ဘယ်လိုသတ်မှတ်မလဲ
? ရေးနည်းရေးဟန်ကို
ဘယ်လိုသတ်မှတ်မလဲ?
အဲဒါက
ကမူး ပြောဘူးတယ်နဲ့တူတယ်---
အရာဝတ္ထုတစ်ခုကို
အမည်နာမတစ်ခု
ပညတ်လိုက်မယ်ဆိုရင်
အဲဒီအရာဝတ္ထုကို
ဖန်တီးလိုက်တာဖြစ်သလို
ဖျက်ဆီးလိုက်တာလည်း
ဖြစ်တယ်တဲ့---
အခု ရေးတဲ့ဟာကို
သတ်မှတ်မယ်ဆိုရင်တော့
မဖြစ်နိုင်တာတွေကို
ဖယ်လိုက်ရင်
ဒီဟာက Realisiam
တော့ မဟုတ်ဘူး---
ဘ၀ သရုပ်ဖော်တွေကို
မရေးဖြစ်တာ
၁၀ နှစ်လောက်ရှိပြီ၊--
နောက်တစ်ခုက
Post Modern လည်း အရမ်းကြီးမဟုတ်ဘူး---Magic
Reason လည်းမဟုတ်ဘူး
Modern တော့ Modern ပဲ-- Post
Modern စစ်စစ်ကြီးတော့လည်းမဟုတ်သေးဘူး---အဲဒီဘက်ကိုတော့သွားတယ်---လက်ရှိခေတ်ပြိုင်ခံစားမှု
အကြောင်းအရာ
တွေတော့ ပါတယ်---သေချာတာကတော့
Fiction တော့မဟုတ်ဘူး။
ရှေးခတ်က လူထူးလူဆန်းအကြောင်းမျိုးတွေ
မပါဘူး။
အစ်ကို
အင်တာနက် သုံးဖြစ်သလား
? သူ့ရဲ့အသုံးဝင်မှုကို
ဘယ်လိုမြင်ပါသလဲ?
အစ်ကိုမြင်တာကတော့
အရင်တုန်းက
မိုဘိုင်းဖုန်းတွေ
မပေါ်ခင်တုန်းကတော့
ဖုန်းမရှိလည်း
ပြသနာမရှိဘူးလေ--အခု
မိုဘိုင်းဖုန်းတွေပေါ်လာတော့
ဖုန်းက မရှိမဖြစ်
ဖြစ်လာတယ်--အဲဒီလိုပဲ
လူတစ်ယောက်ရဲ့ဘ၀အတွက်
အင်တာနက်ဟာလည်း
မရှိမဖြစ်
Essential ဖြစ်လာမယ်--
မြန်မာနိုင်ငံအနေနဲ့
နောက် ၅ နှစ်ဖြစ်ချင်လည်း
ဖြစ်မယ် -- ၃ နှစ်ဖြစ်ချင်လည်းဖြစ်မယ်--
အစ်ကိုတို့
စာရေးဆရာတွေဆိုတာ
အဆိုတော်တို့
သရုပ်ဆောင်တို့လို
ပရိတ်သတ်နဲ့
တိုက်ရိုက်
ထိတွေ့မှုနည်းတယ်လေ--
အခု ကျွန်တော်တို့ရဲ့
Shwe Gyoe
Phyu Online ကနေတစ်ဆင့်
ပရိသတ်ကို
ဘာများပြောချင်ပါသလဲ?
ပြောချင်တယ်---အစ်ကိုမှာလည်း
၆တန်းကျောင်းသူ
သမီးတစ်ယောက်ရှိတော့
လူငယ်တွေအတွက်
အဓိကထားပြီးပြောချင်ပါတယ်---အခုဆိုရင်
တစ်ချို့စာအုပ်တွေက
ကလေးတွေအတွက်
တော်တော် အန္တရာယ်ဖြစ်စေတဲ့
စာအုပ်မျိုးတွေ---၊
အခုဆို ပိုဆိုးတာပေါ့။
တစ်ချို့ဆို
စာကိုဓာတ်စီးပြီးရေးတာတို့၊
-- နောက် ဒီစာကို
ဖတ်ရင် ရှုးပေါက်ဖို့အသင့်ပြင်တို့
--- အဲဒီလောက်အထိ
ကြောင်ရဲတာတွေ
ရှိတယ်လေ။
--- အဲဒါမျိုးတွေပေါ့---
ကိုယ်တို့ငယ်ငယ်ကလည်း
စာဖတ်တယ်ဆိုတာ
အပျော်ဖတ်တွေကစခဲ့တာပါပဲ--
ဘာပဲပြောပြော
--- ဒီလှေကားထစ်ကိုတော့
ဖြတ်ရတာပဲလေ---။
အဲဒီလှေကားထစ်မှာ
ရပ်တန့်မနေဖို့တော့
သတိပြုရမယ်၊
ဒီလှေကားထစ်ကို
မြန်မြန်တက်မှ
နောက်တစ်ဆင့်ကို
ရောက်မှာပေါ့--
အဲဒါလေးတော့
ကလေးတွေ ခေါင်းထဲမှာ
ထည့်ဖို့လိုမယ်။
၆-တန်းကျောင်းသူ၊
၉-တန်းကျောင်းသူလိုအရွယ်
လူငယ်တွေအတွက်
ဘယ်လိုမှဖတ်လို့
မသင့်တော်တဲ့
မဖွယ်မရာဇာတ်ဝင်ခန်းတွေကို
စာအုပ်ထွက်ရင်ပြီးရော
ရေးနေတာကို
တွေ့ရတယ်--အဲဒါတွေကြောင့်လည်း
အစ်ကို အနေနဲ့
စာပြန်ရေးဖြစ်တာပါ--
လွန်ခဲ့တဲ့
၂၀၀၀ ခုနှစ်မတိုင်ခင်ကနဲ့
အခု ကာလမှာ
စာဖတ်ပရိသတ်ရဲ့
ပုံစံ၊ စာဖတ်ပရိတ်သတ်ကြီးရဲ့
character ပြောင်းသွားတယ်လို့
မြင်မိပါသလား?
ပြောင်းသွားပါတယ်---
ဘယ်လိုပြောင်းသွားလဲ
ဆိုတော့ --- အဲဒါလေး
နည်းနည်းပြောချင်တယ်။ အခုလူနေမှုစနစ်နဲ့
ဖြတ်သန်းတဲ့အခါမှာ
အမြန်သုံးအစားစာ
instant food တွေပေါ်လာတယ်၊
တစ်ခါသုံး
ပစ္စည်းတွေ
ပေါ်လာတယ်။
ဒါ သူ့လူနေမှုဘ၀နဲ့
လိုက်လျောညီထွေဖြစ်အောင်
convenience ဖြစ်အောင်
ပေါ်လာတာ။ အဲဒီလိုမျိုးပေါ့---
စာပေထဲမှာလဲ
ပေါ်လာတယ်။
ပေါ့ပေါ့ပါးပါးနဲ့
တစ်ထိုင်တည်းဖတ်လိုက်
-- ပြီးရင် ခေါင်းထဲက
ထုတ်ပစ်လိုက်
--- အဲဒီလို စာပေမျိုးတွေပေါ်လာတယ်---
ပေါ်လာတော့
ဘာဖြစ်သလဲဆိုတော့
တအားကြီးလည်း
ကလေးတွေက မတွေးချင်ဘူးလေ---
စာတစ်ကြောင်းကို
အချိန်အများကြီးယူပြီး
မတွေးချင်ဘူး၊
တစ်ကြောင်းခေါင်းထဲဝင်
-- အဲဒီအဓိပ္ပာယ်ကိုလည်းသိ
-- အဲဒီလိုစာမျိုးတွေ
ပေါ်လာတော့
--- junk တွေပေါ့နော်---
အမှိုက်တွေဝင်လာတယ်။
အဲဒီအခါမှာ
sex နဲ့ဆွဲဆောင်မယ်---
ညစ်တီးညစ်ပတ်
joke တွေနဲ့ ၀င်လာတယ်။
အဲဒါကို ကလေးတွေက
side-effect တွေပါလာတယ်ဆိုတာ
သတိပြုရမယ်--
ခေတ်ရေစီးကြောင်း
အရလည်း အဲဒါတွေကို
မဖတ်နဲ့လို့တားလို့မရဘူးလေ--
တားရင်လည်း
ရေးစီးကြောင်းနဲ့တိုက်ပြီး
ကိုယ်ပဲကြေမွသွားမှာလေ---
ဒီတော့ အဲဒါလေးကို
သိဖို့လိုတယ်။
သာယာသွားမှာစိုးလို့
---။
အခုခေတ်မှာ
မိန်းကလေးတော်တော်များများရဲ့
အ၀တ်အစားပုံစံတွေ
ပြောင်းလဲလာတာနဲ့
ပတ်သတ်ပြီး
လူကြီးတစ်ယောက်အနေနဲ့
ဘာများပြောချင်ပါသလဲ၊
ခေတ်အရပဲလား?
ဒီအတိုင်းပဲ
ကြည့်နေရမှာလား
? ပြောပေးပါ
---
ဒါက culture
နဲ့ ဆိုင်တယ်---
လည်ကတုံးအင်္ကျီပဲဝတ်ရမယ်ဆိုတဲ့
ပုံစံမျိုးက
ကျောင်းတွေ/
ရုံးတွေ မှာပဲလုပ်လို့ရမယ်---
လမ်းပေါ်ကလူတွေကိုတော့
သွားပြီးလုပ်လို့မရနိုင်ဘူး---ဥပဒေပြဌာန်းလို့လည်းမရဘူး---ယဉ်ကျေးမှုနဲ့ဆိုင်တယ်
--- ကိုယ်တို့ဆီမှာ
မတူညီတဲ့ ယဉ်ကျေးမှုတွေဝင်လာတယ်။
အဲဒါတွေက ယူတယ်
မယူဘူးဆိုတာ
လူနဲ့ပဲဆိုင်တယ်။
ဒီကလူတွေ နေ့စဉ်ကြည့်တဲ့
TV ဇာတ်လမ်း၊
ဖတ်တဲ့ မဂ္ဂဇင်း၊
ဂျာနယ်၊ ၀တ္ထု
တွေထဲမှာ ဒီကိစ္စကို
ပြောရေးဆိုခွင့်ရှိသူတွေက
ပြောမယ်ဆိုရင်တော့
ကလေးတွေအတွက်
ပြောင်းလဲကောင်း
ပြောင်းလဲသွားနိုင်ပါတယ်----
အစ်ကိုတို့ငယ်ငယ်တုန်းကလည်း
တအားပူတဲ့
နွေရာသီကြီးမှာ
ဂျင်းန်းဘောင်းဘီရှည်တွေ
-- လည်သာဂျက်ကင်တွေဝတ်ခဲ့တယ်---
အပ်စပ်တယ်
မအပ်စပ်ဘူးဆိုတာ
မစဉ်းစားခဲ့မိဘူး---
ဒါကို ရင့်ကျက်မှုရှိတဲ့
လူကြီးတွေက
ကလေးတွေနားလည်အောင်
ရှင်းပြရမယ်---ဥပဒေထုတ်လို့တော့
မရနိုင်ဘူး----အနုပညာထဲကနေ
ပြောရမယ်--- ဥပမာ
- Hip Hop ဂီတဆိုရင်
အခုလူငယ်တွေကြားထဲမှာ
ပေါက်ကွဲပြန့်နှံ့နေတယ်--
ဒီအတွက် Hip Hop ဂီတကိုဖန်တီးတဲ့
ဆရာလေးတွေကလည်း
သီချင်းထဲမှာ
မြန်မာဟာမြန်မာပဲလို့သိအောင်
ထိန်းထိန်းသိမ်းသိမ်းနဲ့
ပြောပြသင့်တယ်---၀တ္ထုတွေ
မဂ္ဂဇင်းတွေထဲမှာလဲ
ဒီအကြောင်းအရာတွေကို
နည်းနည်းပြောပြသင့်တယ်---
ဟိုအရင်က ဆရာငြိမ်းကျော်တို့--မောင်မောင်မြင့်လွင်တို့ရေးတဲ့
စာတွေထဲမှာဆိုရင်
ပင်နီတိုက်ပုံဝတ်ပြီး
ဆေးပေါ့လိပ်ကြီး
ခဲထားတဲ့ လွယ်အိတ်ကြီးလွယ်ထားတဲ့
ဇာတ်ရုပ်တွေ
အမြဲလိုလိုပါတယ်--အခုခေတ်ဝတ္ထုတွေထဲမှာက
သူ့ရဲ့ဇာတ်ဆောင်မင်းသမီးကို
လှပစေချင်ဇောနဲ့
စကပ်တိုတိုလေး
ဝတ်ပေးထားတာမျိုးကို
အခုခေတ်လူငယ်တွေက
သိပ်ပြီးအတုယူတတ်တယ်၊
သူတို့ရဲ့
idle လူတွေက ဒီပုံစံမျိုးတွေချည်းပဲဆိုရင်တော့
သွားမှာပဲ
--မြို့ထဲမှာနေတဲ့သူ
တွေက ပိုဆိုးတယ်---
လူတိုင်းဝတ်နေကြတဲ့အတွက်
မ၀တ်နဲ့လို့
သွားပြောလို့လည်းမရဘူး
--- ပြောတဲ့လူက
အထူးအဆန်းဖြစ်နေမယ်။
အရက်ကြော်ငြာ
- ဘီယာကြော်ငြာတွေမှာဆိုရင်
ပိုဆိုးတယ်--ဒါပေမယ့်
မူးယစ်စေတတ်တဲ့
အရာကို sex နဲ့တွဲပြီး
ကြော်ငြာတဲ့
Idea ပါပဲ--စီးပွားရေးရှုထောင့်ကဆိုတော့လည်း
အပြစ်တော့ပြောလို့မရဘူး--
အဲဒါက ဘာကိုသွားပြီး
သက်ဆိုင်လည်းဆိုတော့
company ကတော့ အဆုံးစွန်
အသုံးချချင်မှာပဲ
-- ဒါကို Actor တွေဘက်က
မူတစ်ခုတော့ရှိသင့်တယ်---
ငါတို့ကို
ဟိုဟာဝတ်--ဒီဟာဝတ်
ဆိုတာမျိုးလက်မခံသင့်ဘူး---အခုတော့
သူတို့က popular ဖြစ်ချင်ဇောနဲ့
ဘာမူမှမရှိတော့ဘူး---
ဆင်ဆာကသာခွင့်ပြုမယ်ဆိုရင်
Bikini၀တ်ပြီးရိုက်မယ့်
ပုံစံတောင်
ဖြစ်နေတယ်---
အဲဒီတော့ ရှေ့ကလူက
သွားတဲ့နောက်ကို
နောက်လူက ပုံစံယူလိုက်လူမှာပဲ---။
ရှေ့နွားက
ဖြောင့်ဖြောင့်သွားဖို့လိုမယ်။
ကိုယ်တို့ဆို
ရှေ့နွားဖြစ်နေပြီလေ၊
ကိုယ်သွားတဲ့ပုံစံကို
ကိုယ့်သားသမီးတွေ
ယူမှာပဲ။ ဒါကြောင့်ကိုယ့်ကိုယ်ကို
ရှေ့ကသွားတဲ့လူလို့
မှတ်ယူရင်တော့
ကိုယ့်ခြေလှမ်းကို
ဂရုစိုက်ရမှာပဲ
---
အစ်ကိုစာရေးတဲ့အခါ
ပရိတ်သတ်ကို
အသိပညာပေးချင်လို့၊
ပြုပြင်ချင်လို့ဆိုတဲ့
ပုံစံမျိုးနဲ့
ရေးခဲ့ဘူးလား
? ဇာတ်ကိုတွေကို
ပုံစံချခဲ့ဘူးလား
?
အဲဒီလိုတော့
မရေးခဲ့ဖူးဘူး။
အဲဒါမျိုးတွေ
ပြောချင်ရင်
အင်တာဗျူးမှာ
ပြောတယ် --- ဆောင်းပါးရေးပြောမယ်
--- ရသထဲမှာ တော့
မရေးဘူး --- ဒါပေမယ့်
သေချာတာကတော့
ကိုယ့်ဇာတ်ကောင်တွေဟာ
ကလေးတွေ အတူယူ
မှားလောက်တဲ့
ဇာတ်ကောင်မျိုးမဟုတ်ဘူးလို့တော့
ပြောနိုင်တယ်
---
ဒီလောက်ဆိုရင်
တော်တော်ပြည့်စုံသွားပါပြီ
---- အချိန်ပေးပြီး
ပြောကြားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
--- နောက်လည်း
အလျဉ်းသင့်သလို
တွေ့ဆုံပါရစေ
---
