ကောင်းရင်အကုန်ကြိုက်တဲ့ ဒေါက်တာ၊တေးရေးဆရာ၊အဆိုတော် "ဆောင်းဦးလှိုင်"

ဂီတလောကမှာ ဆယ်စုနှစ်ကျော်တိုင် ထူးခြားတဲ့ဂီတဖက်ရှင်၊ ထိမိတဲ့ သီချင်းကောင်းလေးတွေနဲ့ နေရာတစ်ခုကို အမိအရပိုင်ဆိုင်ထားပြီး ဂီတလောကမှ နှစ်နှစ်ကျော် ကာလလောက် ငြိမ်ချက်သားကောင်းနေရာမှ ဇွန်လတွင် တေး Album  သစ်ထွက်တော့မည်ဖြစ်သည့် ဒေါက်တာ၊ တေးရေးဆရာ၊ အဆိုတော် "ဆောင်းဦးလှိုင်" ၏ New Album  ခွေတွင်မည်သို့သော ထူးခြားသည့်တေးသီချင်းများနှင့် ထူးထူးခြားခြားတင်ဆက်မလဲဆိုတာ ကိုဆောင်ဦးလှိုင် ရဲ့ ပရိသတ်အတွကှ့်Shwe Gyoe Phyu Media အဖွဲ့သားများ မေးမြန်ထားတာတွေကို တင်ပြလိုက်ပါတယ်။ 

 

အစ်ကိုတေး Album  သစ် ထွက်တော့မယ်လို့ သိရပါတယ်။ ဘယ်လိုသီချင်းအမျိုးအစားတွေနဲ့ သီချင်းဘယ်နှစ်ပုဒ်ပါဝင်မလဲ ?

ဟုတ်ကဲ့၊ ကျွန်တော့် Album သစ်ကို ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ သီချင်းတွေက (၁၂) ပုဒ်ပါဝင်မယ်။ သီချင်းအမျိုးအစားတွေကတော့ R&B ပါမယ်၊ Rock ပါမယ်၊ Slow Rock ပါမယ်၊ Pop သီချင်းအမျိုးအစားတွေပါပါ့မယ်။

 

တေးရေးဆရာတွေကရော ဘယ်သူတွေပါမလဲမသိဘူး ?

တခွေလုံးကို ကျွန်တော်ကိုယ်တိုင်ရေးထားတာပါဘဲ။

 

အဆိုပိုင်းမှာရော  ပါဝင်အားဖြည့်ထားတဲ့ အဆိုတော်တွေပြပါသေးလား ?

မပါပါဘူး။ အာလုံးကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုထားတာပါ။ တီးတဲ့အပိုင်းမှာလည်း ကိုယ်တိုင်တီးပြီး အသံသွင်း တာလည်း အိမ်မှာပါဘဲ။

 

ဟာ... ဒါဆိုအားလုံးကို ကိုယ်တိုင် Create လုပ်ထားတာပေါ့ ?

ဟုတ်ပါတယ်။ အားလုံးက ကျွန်တော့် စိတ်တိုင်းကျပါ။

 

ဘယ်တေးထုတ်လုပ်ရေးနဲ့ ဖြန့်ဖို့ စီစဉ်ထားလဲ အစ်ကို ?

ပုလဲ နဲ့ပါ။

 

ဟုတ်ကဲ့။ အစ်ကို သီချင်းတွေကို ဘယ်လိုခံစားမှုတွေနဲ့ ရေစပ်ထားသလဲအစ်ကို။ ပြီးတော့ ဟာသတွေ၊ လှောင်ထားတဲ့ သီချင်းတွေရော ပါသေးလာ၊ copy တွေရော ဘယ်နှစ်ပုဒ်လောက်ပါသေးလဲ ?

အခုသီချင်းအားလုံးကို အခုနှစ်ပိုင်း အတွေ့အကြုံလေးတွေ၊ ခံစားချက်လေးတွေကို အခြေခံပြီးရေးထားဒါပါ။ ဟာသတွေ၊ လှောင်ပြောင်ထားတဲ့သီချင်းတွေတော့ မပါပါဘူး။ အားလုံးက အတည်အတန့်တွေ ၊ အခိုင်အခံ့ နဲ့ ပရိသတ် ရင်ကို ထိစေမယ့် သီချင်းတွေပါဘဲ။ copy တွေတော့ မပါဘူး အားလုံးက own tune တွေပါ။

 

Tape  CD  VCDအကုန်ထွက်မှာလား ?

ဟုတ်တယ်၊ သုံးမျိုးလုံးတပြိုင်တည်းထွက်မှာ။ ထွက်နိုင်အောင်လည်း ကြိုးစားနေပါတယ်။

 

အစ်ကို နှစ်နှစ်လောက် ဂီတလောကကနေ ငြိမ်ချက်သားကောင်းနေခဲ့တယ်နော် ?

ဟုတ်တယ်။ ၂၀၀၇ နောက်ပိုင်းမှာ သီချင်းတွေဆိုဖို့၊ ခွေထွက်ဖို့ စိတ်သိပ်မလန်းဘူးဖြစ်နေတာ။ သောကတွေ၊ ပူဆွေးမှုတွေ ၀မ်းနည်းမှုတွေနဲ့ ပြည်နေလို့လေ။ ပရိသတ်နဲ့တော့ နည်းနည်း အဆက်ပြတ်သလို ဖြစ်သွားတယ်။

 

အဲဒီအတွက် အစ်ကိုက ဒီအခွေနဲ့ အစ်ကိုရဲ့ ပရိသတ်တွေကို ပြန်ဆက်သွယ်တယ်လို့ ပြောရင်ရမလား ?

ဟုတ်ကဲ့။ ပြောလို့ရပါတယ်။ တချို့ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတွေက ‘ဟာ ကိုဆောင်ဦးလှိုင် သီချင်းတွေမလုပ်တော့ဘူးလား။ တခြားဘက်ကိုဘဲ ဦးလှည့်သွားပြီးလား’ လို့မေးတဲ့သူတွေရှိတော့ ဒီခွေက ဆောင်းဦးလှိုင် သီချင်းတွေ ရေးနေသေးတယ်၊ ဆိုနေသေးတယ်၊ နောက်လည်းဆိုမှာ ဆိုပြီး အသိပေးတဲ့ သဘောလည်းပါပါတယ်။

 

ဒါဆို ဒီခွေပြီးရင် နောက်တစ်ခွေထွက်ဖို့ရှိတာပေါ့ ?

ရှိပါတယ်။ အဲဒီခွေကိုလည်း ဒီနှစ်အတွင်းထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီဇင်ဘာလ လောက်မှာပေါ့။

 

အဲဒီခွေကရော ဘယ်လို သီချင်းအမျိုးအစားတွေနဲ့ ၊ ဘယ်သူတွေပါဝင်အားဖြည့်အုံးမလဲ ?

အဲဒါတော့ မပြောတတ်သေးဘူး။ ခုမှစီစဉ်တုန်းဆိုတော့လေ။

 

အစ်ကိုရဲ့အားလပ်ချိန်တွေမှာ အစ်ကိုကိုဘာတွေလုပ်တတ်လဲ အစ်ကို ?

ပုံမှန်တော့မရှိပါဘူး။ တခါတလေ ဘောလုံးကန်တယ်။ မိသားစုလိုက် ဈေးဝယ်ထွက်တယ်။ သီချင်းနားထောင်တယ်။ များတော့အားဖြင့်တော့ အစ်ကို ရဲ့ studio ခန်းထဲမှာပဲ အချိန်ကုန်တာများပါတယ်။

 

သီချင်းနားထောင်တယ်ဆိုတော့ ဘယ်လိုသီချင်းတွေကို အများဆုံးနားထောင်ဖြစ်လဲ ?

အားလုံးကို နားထောင်ပါတယ်။ ကောင်းတာမှန်ရင် ကျွန်တော်ကတော့ အကုန်ကြိုက်တာပါဘဲ။ ဘယ် Music ရယ်မှလို့တော့ မရှိပါဘူး။ ကောင်းတာမှန်ရင် အကုန်ကြိုက်ပါတယ်။

 

ဟုတ်ကဲ့၊ အခုလို မအားလပ်တဲ့ ကြားက အချိန်ယူဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ?

ဟုတ်ကဲ့ ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်။

 

အစ်ကိုရဲ့ ပရိသတ်တွေ အတွက် ဘာများပြောအုံးမလဲ ?

ကျွန်တော့်ခွေကို နားထောင်ကြည့်ပါ။ ပြီးရင်ဝေဖန်ပါ၊ အကြံဥာဏ်ပေးပါ။ ဆောင်ဦးလှိုင် ဆိုတာ ပရိသတ်ကြောင့် ဖြစ်လာတာပါ။ အားပေးပါလို့ ...

 

ကိုဆောင်းဦးလှိုင် ရဲ့ တေးစီးရီး  ကတော့ 'ပြင်ဆင်ချက်' ၊ 'မုသာဝါဒ' ၊ 'အရိုးသားဆုံး' ၊ 'အကြင်နာ' ၊ 'စိတ္တဇနဲ့ည' ၊ 'အလွမ်းကျောင်း' ၊ 'လူတွေ' ၊ 'ညရဲ့အလွမ်း' ၊ 'မင်းမျက်လုံး' ၊ 'ရှိစုမဲ့စု' ၊ 'ပျံသန်းသွား' ၊ 'အမှား' ၊ ဆိုတဲ့ သီးချင်းများပါဝင်ပါမယ်။ "ကိုဆောင်းဦးလှိုင်" ရဲ့ ပရိသတ်များနဲ့၊ Shwe Gyoe Phyu Media ပရိသတ်များ ကျေနပ်လိမ့်မယ့်လို့မျော်လင့်ပါတယ်။

လူသစ်

Power by Duo-Motion