ကျွန်တော်တို့ရဲ့
ShweGyoePhyu Media အဖွဲ့သားများဟာ
ချိုမြကြည်လင်တဲ့အသံလေးနဲ့
ပရိတ်သတ်ရဲ့ရင်ထဲကို
ယနေ့တိုင်ဝင်ရောက်နေရာယူထားတဲ့
အဆိုတော် ကိုစည်သူလွင်ရဲ့
2009 သင်္ကြန်အတွက်
အနုပညာ လှုပ်ရှားမှုများနဲ့
ဆက်လက် လှုပ်ရှားမယ့်
အစီအစဉ်များကို
First
Music Agency မှာ သွားရောက်တွေ့ဆုံ
မေးမြန်းဖြစ်ခဲ့ပါတယ်။
2009 သင်္ကြန်ပွဲအတွက်
ကိုစည်သူရဲ့
အနုပညာလှုပ်ရှားမှုလေးတွေ
သိပါရစေ။
12.4.2009 ရက်နေ့မှာ
Singapore မှာ
သင်္ကြန်ပွဲတစ်ပွဲသွားဆိုပါမယ်။
အကြိုနေ့မနက်မှာ
ရန်ကုန်ကို
ပြန်လာပါမယ်။
နှစ်ဆန်း တစ်ရက်နေ့(19.4.2009)မှာ
Malaysiaကို
ပွဲတစ်ပွဲ
သွားဆိုပါမယ်။
သင်္ကြန်နောက်ပိုင်း
အနုပညာလှုပ်ရှားမှုအတွက်
ဘာတွေစီစဉ်
ထားပါသလဲခင်ဗျ။
သင်္ကြန်ပြီးရင်တော့
ကျွန်တော့်တစ်ကိုယ်တော်အခွေထွက်ဖို့
စီစဉ်ထားပါတယ်။
မထွက်တာလည်း
ကြာပြီ။ လုပ်ရင်းလုပ်ရင်းနဲ့
ဆက်မလုပ်ဖြစ်တာ
တစ်ဝက်လောက်တော့ပြီးနေပြီ
ဆိုဖို့ပဲ
ကျန်တော့တယ်
တီးတာတွေကတော့
ပြီးနေပြီ။
ဒီနှစ်တော့
အဲဒါလေးကို
ပြီးအောင်သွင်းမယ်။
ပြီးတာနဲ့
ဖြန့်ချီရေး
လုပ်ပါမယ်။
စီးရီး Title ရွေးပြီးပြီလား
။
Titleတော့ မပေးရသေးဘူး။
အားလုံးဆိုပြီးတော့မှပဲ
ပေးပါမယ်။
သီချင်းအမည်တော့
ဖြစ်ချင်မှဖြစ်မယ်
တစ်ခွေလုံးကို
ခြုံပြီးတော့
ပေးတဲ့ နာမည်တစ်ခုဖြစ်မယ်ထင်တယ်။
ဘယ်လို Music Style ဖြစ်မလဲခင်ဗျ။
အခုအခွေက Rock
Style ပါ။
ဟုတ်ကဲ့ --- ကိုစည်သူရဲ့
Rock သံလေးတွေနဲ့
ဝေးနေတာ တော်တော်ကြာပြီနော်။
အဲဒီအသံလေးကို
လွမ်းနေကြတဲ့သူတွေ
အများကြီးအတွက်
အလွမ်းပြေရတော့မှာပေါ့။
ကျွန်တော်လည်း
သီချင်းအသစ်ကထွက်ချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့
ပွဲတွေမှာဆိုတဲ့အခါ
သီချင်း အသစ်က
မထွက်ဖြစ်ဘဲ
အဟောင်းတွေကို
ထပ်ခါထပ်ခါဆိုနေရတော့
ကိုယ်လည်း
ပရိတ်သတ်ကို
အားနာတယ်--ဒါကြောင့်
ဒီအခွေကို
အမြန်ဆုံးထွက်နိုင်အောင်
စီစဉ်နေပါတယ်။
ကိုစည်သူ ဂီတလောကထဲကို
Rock နဲ့ဝင်ရောက်လာပြီး
အခုနောက်ပိုင်း
အစ်ကို့ရဲ့
Rock အသံလေးတွေ
မကြားရတာကြာနေပြီဆိုတော့
တောင့်တနေကြပါတယ်။
ကျွန်တော့်ကို
တစ်ယောက်ပြောဘူးတယ်
--- စည်သူလွင်က
Started is the rock song famous the popတဲ့။
အမြဲတမ်း ကျွန်တော့်တစ်ကိုယ်တော်ခွေတွေမှာတော့
Rock ဘက်သွားတဲ့
Trend တွေ များပါတယ်။
အတွဲခွေတွေမှာတော့
Pop နဲ့ R&B လေးတွေ
ဆိုဖြစ်တယ်။
ကျွန်တော်ကိုယ်တိုင်လည်း
စိတ်ဝင်စားလို့ပါ။
သင်္ကြန်မှာ
ဘယ်လိုသီချင်းတွေ
အများဆုံးဆိုဖြစ်လဲခင်ဗျ၊
မြန်မာသံတွေကော
ဆိုဖြစ်မလား။
သင်္ကြန်ဆိုတော့
မြူးမြူးကြွကြွသီချင်းတွေ
ဆိုပါတယ်။
မြန်မာသံကတော့
တီးဝိုင်းအခက်အခဲကြောင့်
မဆိုဖြစ်တာ
များပါတယ်။
ဆိုဖြစ်ရင်လည်း
Tune နဲ့တီးလို့ရတာလောက်ပဲ
ဆိုဖြစ်ပါမယ်၊
ဒိုးတွေဘာတွေ
ပါတာကြတော့
ဆိုလို့မရတော့ဘူး။
အဓိကတော့ သင်္ကြန်မှာ
Rock သီချင်း မြူးမြူးကြွကြွလေးတွေ
ဆိုဖြစ်ပါတယ်။
အစ်ကို ပြည်ပပွဲတွေမှာ
ဘယ်လိုသီချင်းတွေ
ဆိုဖြစ်သလဲခင်ဗျ။
ကိုယ့်ရဲ့
Hip ဖြစ်တဲ့သီချင်းတွေဆိုပါတယ်။
ပရိတ်သတ်ကြိုက်တဲ့
မျက်ဝန်းတို့
၊ ကျွန်တော့်ကို
လူသိသွားစေတဲ့
ကိုယ့်ကြောင့်
တို့လိုမျိုးသီချင်းတွေဆိုပါတယ်။
တခြားနိုင်ငံမှာ
နှစ်ရှည်လများ
ရောက်နေတဲ့သူတွေရှိပါတယ်။
သူတို့က သီချင်းအဟောင်းတွေကို
ပိုပြီးတမ်းတကြပါတယ်။
ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့
သူတို့တောင့်တတဲ့
သီချင်းအဟောင်းလေးတွေဆိုပေးပါတယ်
မင်းအကြောင်းအိမ်မက်တို့၊
မျက်ဝန်းတို့၊
ကိုယ့်ကြောင့်တို့
အဆိုများပါတယ်
သီချင်းအသစ်တွေလည်း
ဆိုပေးပါတယ်။
ဟုတ်ကဲ့ပါခင်ဗျ-----ဂီတမျိုးဆက်သစ်လူငယ်တွေအတွက်
အစ်ကို့ရဲ့
အကြံပြုချက်လေး
ပြောပေးပါဦး။
အခုလုပ်နေကြတွေ
ကောင်းပါတယ်---
အခုဆိုရင်
တီးဝိုင်းတွေရော
အဆိုတော်တွေရော
တေးရေး တေးဆိုတွေရော
အများကြီးပေါ်ထွက်လာပါပြီ။
ကျွန်တော်တို့နောက်ပိုင်းမှာ
ခါးဆက်ပြတ်နေတာ
တော်တော်ကြာပါပြီ။
ဒီလိုမျိုးလေးတွေဖြစ်လာတော့
ဝမ်းသာတယ်။
အလုပ်ဆိုတာက
လုပ်ရင်းနဲ့
Experiences ရလာမယ်။ တစ်ဖက်ကလည်း
ကိုယ်ဘာလိုအပ်သလဲ
ဆိုတာ သိလာမယ်
ကိုယ့်ရဲ့
လိုအပ်ချက်ကို
သိလာမယ်။ အဲဒါလေးတွေ
ဖြည့်ဆည်းရင်းနဲ့
တိုးတက်မှုရလာမှာပါ။
အခုလည်း တီးဝိုင်းတွေ
တေးရေးတေးဆိုတွေ
အများကြီးထွက်လာတဲ့အတွက်
ကျွန်တော်
အားရပါတယ်။
မီဒီယာ အားကောင်းလာတဲ့အတွက်
သူတို့လေ့လာချင်တာကို
အလွယ်တကူ လေ့လာခွင့်ရတယ်
အဲဒါကြောင့်
မို့လို့ ကျွန်တော်တို့
ခေတ်တုန်းကထက်
ပိုပြီး Chance ရှိတယ်။
ကျွန်တော်တို့ခေတ်တုန်းက
ဆိုရင် တီးဝိုင်းအသစ်တစ်ခုဆိုရင်
အဲဒီအသစ်ကို
လက်ခံဖို့
အရမ်းခဲယဉ်းတယ်။
ကျွန်တော်တို့
ဆိုရင်လည်း
သူငယ်ချင်းတွေနဲ့စုပြီးတော့
တီးခဲ့တယ်
ကိုယ်ပိုင်
Band လုပ်ခဲ့တယ်။
ဒါပေမယ့် တစ်ကယ်တမ်း
အခွေထုတ်ပြီး
တီးမယ်ဆိုတော့
ပရိတ်သတ်က
လက်မခံဘူး။
တော်တော်ကို
ဝင်တိုးရတယ်။
စီးရီးတစ်ခု
ထုတ်တော့မယ်ဆိုရင်
ဘယ်Band နဲ့ တီးမှာလဲ၊
Emperor လား၊ IC လား ၊
တေးရေးက ဘယ်သူတွေလဲ၊
ဘယ်ကဖြန့်ချီမှာလဲ
စသည်ဖြင့်ပေါ့
နာမည်ကြီးတဲ့
တီးဝိုင်းဖြစ်ရမယ်၊
နာမည်ကြီးတဲ့
တေးရေးဖြစ်ရမယ်၊
နာမည်ကြီးတဲ့
စတူဒီယိုမှာသွင်းရမယ်၊
နာမည်ကြီးတဲ့
တေးသံသွင်းက
ဖြန့်ရမယ်
ဆိုပြီး အခွေတစ်ခွေထွက်ဖို့
လမ်းကြောင်းလေးတွေ
ရှိခဲ့တယ်။
အခုချိန်မှာ
ဂီတမျိုးဆက်သစ်တွေ
အများကြီး
အဆင်ပြေပါတယ်။
ကြိုးစားကြပါလို့
တိုက်တွန်းလိုပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက်
ကိုစည်သူလွင်ကို
အများကြီးကျေးဇူးတင်ပါတယ်။
ဂီတမျိုးဆက်သစ်တွေ
အများကြီး
ဆက်လက်ထွက်ပေါ်လာနိုင်ပါစေလို့
ကျွန်တော်တို့
Shwe Gyoe Phyu Media ကလည်း ဆန္ဒပြုလိုက်ပါတယ်။