အကောင်းဆုံးဖြစ်အောင် အတူတူကြိုးစားကြတာပေါ့

Ye Layကျွန်တော်တို့ရှဲ့ SHWE GYOE PHYU ONLINE အဖွဲ့သားများဟာ HipHop နဲ့ R&B music တွေကို ရေးသားဖန်တီးသီဆိုပြီး အောင်မြင်နေတဲ့ အဆိုတော် ရဲလေးနဲ့ အခုလိုတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

 

ကိုရဲလေးအနေနဲ့ သီချင်းတစ်ပုဒ်ကို ဖန်တီးတဲ့အခါ မရှိမဖြစ် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းက ဘာဖြစ်ပါသလဲ။

ဂစ်တာတစ်လက် (သို့) music နဲ့ပတ်သက်သော computer software တစ်ခုခု။

 

သီချင်းတစ်ပုဒ်ကို recording လုပ်တဲ့အချိန်မှာ အကြိုက်ဆုံးပတ်ဝန်းကျင် အနေအထား။ (ဥပမာ - ရင်းနှီးသူများ ရှိနေစေချင်  recording room ကို မီးမှိန်မှိန်ထားစေချင်----)

မီးတော့ မမှိန်တာကောင်းပါတယ်၊ စာသားမမြင်ရလို့ (ဟဲ ဟဲ)။ လူများတဲ့အခါ ကောင်းတာလည်းရှိသလို မကောင်းတာ လည်းရှိတယ်၊ လူနည်းတဲ့အခါ ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိတယ်၊ အဲဒီတော့ အလယ်အလတ်ပဲကောင်းပါတယ်။

 

စင်မြင့်ဖျော်ဖြေပွဲများမှာ အကြိုက်ဆုံးပတ်ဝန်းကျင်အနေအထား။

outdoor ကပိုကောင်းတယ်လို့ ထင်မိပါတယ်။ indoorကိုဒီမှာသိပ်မနိုင်သေးတာလည်းပါပါတယ်။

 

ဂီတလောကထဲကို စတင်ဝင်ရောက်စဉ်အချိန်နဲ့ ယခုလက်ရှိအချိန် ဂီတလောကကြီးဟာ ဘာတွေအပြောင်းအလဲဖြစ်ခဲ့တယ်လို့ မြင်ပါသလဲ။

အများကြီးပြောင်းလဲပါတယ်။ မျက်စိရှေ့မှာတင် ကွယ်လွန်သွားတဲ့ ဂီတအတတ်ပညာရှင်တွေရှိသလို၊ ၀င်ရောက်လာတဲ့ အတတ်ပညာရှင် တွေလည်း ရှိတယ်။ နောက် မမြင်ဘူး မတွေ့ဘူးသေးတဲ့ market ဈေးကွက်တွေလည်း တွေ့ရတယ်။ ပြောင်းလဲမှု အတော်များများနဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ။

 

ယခုလက်ရှိဖန်တီးနေတဲ့ ၈ီတအမျိုးအစားကို စွဲစွဲမြဲမြဲ နှစ်သက်နေဦးမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မိပါသလား။

ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တာ ပရိတ်သတ်ကြိုက်တာကို မျှတစွာ တင်ဆက်သွားမှာပါ။ အခြေအနေတွေအားလုံးက သူ့ဟာနဲ့သူ ပြောင်းလဲနေမှာပဲလေ၊ အဲဒီတော့ အချိန်တစ်ခုခုရောက်လာရင်တော့ ပြောင်းလဲမယ်လို့ ထင်ပါတယ်။

 

အခြေအနေပေးခဲ့ရင် ဘယ်လိုလူမျိုးတွေနဲ့ အပေါင်းအသင်းထပ်ဖြစ်ချင်ပါသေးလဲ။

ထွက်ရပ်ပေါက် ၀ိဇ္ဇာပညာရှင်တွေနဲ့ အပေါင်းအသင်းထပ်ဖြစ်ချင်တယ်။ (Jumper ကား ကြည့်ပြီး အရူးထနေလို့)

 

ကိုရဲလေး ဘ၀ရဲ့အရေးအကြီးဆုံး (သို့) အရေးအကြီးဆုံးများ။

အများကြီးပဲ အဲဒီထဲက နှစ်ခုပြောဆိုရင် တစ်ခုက (၁) မိသားစု၊ (၂) ကျွန်တော့်ချစ်သူ။

 

အနာဂတ်အတွက် တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေနေကြတဲ့ လူငယ်သူငယ်ချင်းများအတွက် ကိုရဲလေးရဲ့ စကားလက်ဆောင်။

ကိုယ့်မိသားစုက နံပါတ် (၁) အရေးကြီးဆုံးလို့ စကားလက်ဆောင်ပါးချင်ပါတယ်။ ပြီးမှ ကိုယ်စိတ်ချမ်းသာတာ၊ ၀ါသနာပါတာကို ကိုင်ပါလို့။ (ကျွန်တော် ဆရာကြီးမဟုတ်ပါဘူးလို့)

 

၂၀၀၉ ဧပြီ သင်္ကြန်အတွက် အစီအစဉ်များသိပါရစေ။

မန္တလေး မြို့တော်ဝန်မဏ္ဍပ်မှာ ရှိပါတယ်၊ လာပြီးအားပေးကြပါလို့။

 

ယခု ကိုရဲလေးအကြောင်းကို ၀င်ရောက်ကြည့်ရှုနေကြတဲ့ online ပရိတ်သတ်များအတွက် စကားလက်ဆောင်လေး ပြောကြားပေးပါ။

ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် အတူတူကြိုးစားကြတာပေါ့လို့ ပြောရင်း အားလုံးပျော်ရွှင်ပါစေလို့ ပြောလိုက်ပါတယ်။

 

SHWE GYOE PHYU ONLINE ပရိသတ်ကြီးလည်း ကိုယ်စိတ်နှစ်ပါး ပေါ့ပါးရွှင်လန်းနိုင်ကြပါစေခင်ဗျာ။

Power by Duo-Motion