မင်္ဂလာပါ ရွှေချိုးဖြူမီဒီယာ
ဟာ ၂၀၀၉ ခုနှစ်မှာစတင်ဖွဲ့စည်းထားတဲ့
မီဒီယာလုပ်ငန်းအသစ်ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့
ပင်မ လုပ်ငန်းကတော့
Duo-Motion
cPanel Web Hosting အမည်ရတဲ့
အင်တာနက်ဝက်ဘ်ဆိုက်များကို
ဖန်တီး လွှင့်တင်ပေးနေတဲ့
လုပ်ငန်းဖြစ်ပါတယ်။
ဦးဆောင်လုပ်ကိုင်နေသူက
ဦးစိုးလင်းဟိန်း
ဖြစ်ပါတယ်။ ကျွန်တော်တို့
Duo-Motion
cPanel Web Hosting မှ
Customerများအတွက်
website များ လက်ခံဆောင်ရွက်ပေး
သည့်နည်းတူ
ကိုယ်ပိုင်
Project များကိုလည်း
ဖန်တီးလျက်ရှိပါတယ်။ Duo-Motion
cPanel Web Hosting အနေဖြင့်
မြန်မာပြည်ရဲ့
စိတ်ဝင်းစားဖွယ်
မှတ်သားဖွယ်ရာများကို
စုစည်းတင်ပြထားတဲ့
TOP MYANMAR ဆိုတဲ့ ၀က်ဘ်ဆိုက်ကို
၂၀၀၈ ခုနှစ်အတွင်းမှာ
"www.topmyanmar.com"
ဆိုတဲ့ domain နဲ့
လွှင့်တင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါ ၂၀၀၉
July ကစပြီး internet ပေါ်မှာ
"www.shwegyoephyu.net" ဆိုတဲ့
domain နဲ့ Web Portal (SHWE GYOE PHYU News Album
at A Gala) တစ်ခုကို
ရွှေချိုးဖြူမီဒီယာ
အနေဖြင့် ထပ်မံလွှင့်တင်ထားပါတယ်။ ပါဝင်တဲ့ ကဏ္ဍတွေကတော့
ပြည်တွင်းပြည်ပ
သတင်းများ၊
စိတ်ဝင်စားဖွယ်
သတင်းများ၊
စီးပွားရေး
လူမှုရေး ပညာရေး
တို့နဲ့ပတ်သက်တဲ့
သတင်းများ၊
နည်းပညာ အတတ်ပညာများနဲ့
သက်ဆိုင်သော
အကြောင်းအရာများ
အပြင် ၀တ္ထု၊
ဆောင်းပါး၊
ကဗျာ၊ တွေ့ဆုံခန်းများ၊
စီးပွားရေးနှင့်သက်ဆိုင်သော
လေ့လာတွေ့ရှိချက်များ၊
လုပ်ငန်းမိတ်ဆက်
ကြော်ငြာများနဲ့အတူ
လုပ်ငန်းနယ်ပယ်
အသီးသီးက နာမည်ကောင်းများ
တည်ဆောက်ထားနိုင်ခဲ့တဲ့
ပုဂ္ဂိုလ်များရဲ့
မှတ်သားဖွယ်
အကြောင်းအရာများ၊
အကြံပြုချက်များ၊
အတွေ့အကြုံမျှဝေမှုများကို
ကြိုးစားထည့်သွင်း
ဖော်ပြသွားမှာဖြစ်ပါတယ်။
ထို့အပြင်
မိမိတို့ ကျွမ်းကျင်တတ်မြောက်ထားသော
အသိပညာ၊ အတတ်ပညာများဖြင့်
ပြည်တွင်းပြည်ပမှာ
ဝင်ရောက် လုပ်ကိုင်လိုကြသူများအတွက်လည်း
Jop Hunting ကဏ္ဍတစ်ခု
ပါဝင်မှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပမှ
လိုအပ်လျက်ရှိတဲ့
အလုပ်အကိုင်
ရာထူးအမျိုးမျိုးအတွက်
အစဉ်မပြတ်
ဖော်ပြပေးနေမှာမို့
စောင့်မျှော်ကြည့်ရှုကြဖို့
တိုက်တွန်းပါရစေ။ ကျွန်တော်တို့
SHWE GYOE PHYU siteကို ၀င်ရောက်ကြည့်ရှုကြသူ
user များ အနေနဲ့
ကျွန်တော်တို့ရဲ့
စာမျက်နှာများကို
ဖတ်ရှုကြပြီးနောက်
ကျေနပ်နှစ်သက်မှု
တစ်စုံတစ်ရာ
ရရှိနိုင်ကြလိမ့်မယ်လို့
မျှော်လင့်ထားပါတယ်။
မိတ်ဆွေတို့ရဲ့
ဝေဖန် အကြံပေးချက်များကိုလည်း
လေးစားစွာ
လက်ခံကြိုဆိုနေမှာဖြစ်ပါတယ်။ ကျေးဇူးတင်စွာဖြင့် SHWE GYOE
PHYU Media |