|
၂၀၀၉
July လကုန်လောက်မှာ
တစ်ကိုယ်တော်စီးရီးထွက်တော့မယ့်
မျက်နှာမြင်ချစ်ခင်ပါစေ၊
အသံကြားသနားပါစေဆိုတဲ့
တောင်းဆုနဲ့
ပြည့်သလားတောင်
ထင်ရတဲ့၊ ချစ်စဖွယ်အပြုံးတွေ၊
သာယာနာပျော်ဖွယ်အသံတွေကို
ဆိုတတ်တဲ့ အနုပညာလောကသားအချင်းချင်းကလည်း
သဘောကောင်းလွန်းသူကြီးရယ်လို့
သမုတ်ခံရတဲ့
‘ကောင်း’ သတင်းတွေနဲ့ပြည့်နေတဲ့
သရုပ်ဆောင်၊
အဆိုတော် ‘၀ိုင်းစုခိုင်းသိန်း’
နဲ့ သူမရဲ့ယခုလက်ရှိလတ်တလော
လှုပ်ရှားနေတဲ့
အနုပညာအကြောင်းတွေကို ၀ိုင်းစု
ရဲ့ပရိသတ်နဲ့
Shwe Gyoe Phyu Online Journal ပရိသတ်တွေအတွက်တင်ပြလိုက်ပါတယ်။ လတ်တလော
ဝိုင်းစု ရဲ့
အနုပညာလှုပ်ရှားမှုလေးတွေကို
ပရိသတ်သိအောင်ပြောပေးပါလား။ ခုလတ်တလော
‘ ၀ိုင်းစု’ ‘ကိုနေတိုး’နဲ့ကားရိုက်နေပါတယ်။
ဝိုင်းစုက
သိချင်းတွေလည်းဆိုတာတွေ့ရတယ်။
တစ်ကိုယ်တော်ခွေထွက်ဖို့ရှိမလာ။ ဟုတ်ကဲ့။
တစ်ကိုယ်တော်ခွေကို
ဇွန်လ ကုန်လောက်ထွက်ဖို့လုပ်နေပါတယ်။ တခြားဘယ်သူတွေပါအုံးမလဲမသိဘူး။
Featuring ပေါ့။ Featuring
တွေက Rဇာနည်ရယ်၊ Lလွန်းဝါရယ်၊
ဟဲလေးရယ်၊ စီးရီး
Title ကောရွေးပြီးပြီလား။ စီးရီးTitle
က ‘မက်လောက်စရာမရှိ’
ပါ။ Tape
၊ CD ၊ VCDသုံးမျိုးလုံး
တပြိုင်တည်းထွက်မာလား VCD
ကတော့မထွက်သေးပါဘူး။Tape
၊ CD အရင်ထွက်မှာပါ။ ရုပ်ရှင်ကားကြီးတွေရော
ရုံတင်ဖို့ရှိလား။ ရှိပါတယ်။
'အချစ်ဟုအဓိပယ်သက်ရောက်ခြင်းမရှိစေရ’
ပါ ဗီဒီယို
ကားတွေရော ရိုက်လက်စတွေရှိလားအစ်မ ရှိပါတယ်။
အများကြီးပါဘဲ။ အနုပညာအသိုင်းအ၀ိုင်းအပြင်ကပေါ့၊
ဝိုင်းစု ကိုမာနကြီးတဲ့လူ၊
ဆက်ဆံရေးမပြေပြစ်တဲ့လူလို့ပြောရင်(ကောလဟလ)
ဘယ်လိုခံစားရမလဲ။ အဲလိုပြောနေကြလို့လာ။
ဝိုင်းစုကတော့
မကြားမိပါဘူး(ရယ်လျက်)။
ဝိုင်းစုကတော့
ဘယ်သူကိုမဆို
အဆင်ပြေအောင်အမြဲဆက်ဆံပါတယ်။
ဝိုင်းစု နဲ့ဆက်ဆံလို့
အဆင်မပြေဘူးဆိုတာ
မကြားမိဘူး။
ဘာဖြစ်လို့လည်းဆိုတော့
ဝိုင်းစုက မာနလည်းမကြီးပါဘူး။
ပြီးတော့ ခုထိဘယ်သူနဲ့မှတောင်
စကားအများကြီးမပြောဖြစ်သေးပါဘူး(ရယ်လျက်)။တကယ်လို့
အဲလိုကြားမိရင်လည်း
ဝိုင်းစု ၀မ်းနည်းမိမယ်ထင်ပါတယ်။
ဟုတ်မှမဟုတ်တာ
ဘယ်စိတ်ကောင်းမလဲ။ ၀ိုင်စုရဲ့အနုပညာသက်တမ်း
(၅)နှစ်လောက်မှာ၊
ကာရိုက်တာ အစုံကိုလုပ်ပြီးပြီလာ။
ပြီးတော့ ကိုယ်ရတဲ့နေရာကိုရော
ကျေနပ်အားရမှုရှိပြီလား။ အင်
... ကားရိုက်တာ
ကတော့ အစုံထိတော့
မလုပ်ရသေးပါဘူး။
ဒါပေမဲ့ တော်တော်များများတော့
စုံနေပြီထင်ပါတယ်။
ရတဲ့နေရာကိုကျေနပ်လားဆိုတော့
... ၊ အင်း ... လူတိုင်းကတော့
အကောင်းဆုံး၊
ထိပ်ဆုံးကိုရောက်ခြင်ဒါပေါ့နော်။
ဒါလူ့သဘာဝဘဲလေ။
ဝိုင်းစုလည်းလူတွေထဲက
လူတစ်ယောက်ဖြစ်တဲ့အတွက်
ဒီထက်ပိုပြီးအောင်မြင်မှုရခြင်ပါသေးတယ်။
အများကြီးလည်းကြိုးစားပါအုံးမယ်။ ခုဆိုရင်
ဝိုင်းစု ဆီမှာအမာခံ
ပရိသတ်တွေ တော်တော်များများရှိနေပြီးပေါ့နော်၊
ဝိုင်းစု ဆိုရင်
လူငယ်တွေကအစ
လူကြီးတွေကအဆုံး
အားပေးလက်ခံလာကြတဲ့အပေါ်မှာ
ဝိုင်စုရဲ့ခံစားချက်က
ဘယ်လိုရှိမလာ။ ဘယ်လိုဘဲဖြစ်ဖြစ်
ပရိသတ်ကအားပေးတယ်ဆိုတာ
အနုပညာသမားတွေအတွက်
အားဘဲလေ။ အဲဒီအတွက်ပရိသတ်က
ဝိုင်းစုကို
လက်ခံတယ်၊ အားပေးတယ်
ဆိုတဲ့အပေါ်မှာ
ဝိုင်းစုပျော်ပါတယ်။
အားပေးတဲ့ ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ ၀ိုင်းစုရဲ့အချစ်ရေးကရောဘယ်လိုလဲ။
ရင်ခုန်ဘက်ကိုတွေ့ပြီလာ။ ၀ိုင်းစုက
အချစ်ရေးထက်
အနုပညာအလုပ်ကိုဘဲ
ဦးစားပေးပြီးလုပ်နေပါတယ်။
အချစ်ရေးအတွက်တော့
ခေါင်းထဲမှာ
ဘာမှ မရှိသေးပါဘူး။ အနုပညာရှင်တော်တော်များများကတော့
ဝုန်းဒိုင်း
ဝုန်းဒိုင်းနဲ့
မင်္ဂလာဆောင်နေကြတယ်နော်။ အဲဒီအတွက်
တော်တော်ကြီးကို
အများကြီးလိုပါသေးတယ်။
ဝိုင်းစု အတွက်ပေါ့။
(ရယ်လျက်) ခုဆိုရင်
အနုပညာရှင်တော်တော်များများက
နိုင်ငံခြားစဉ်တွေ
ရှိကြတယ်လေ။
အလည်အပတ်ဘဲဖြစ်ဖြစ်၊
အနုပညာလုပ်ငန်းအတွက်ဘဲဖြစ်ဖြစ်ပေါ့။
ဝိုင်းစု အနေနဲ့ကရော။ ခုလောလောဆယ်တော့
မသိသေးဘူးပေါ့။ ၀ိုင်းစုရဲ့
ကိုယ်ခန္ဓာနဲ့
အသားအရည်ကို
ထိန်းသိမ်းဖို့အတွက်
ဘာတွေလုပ်လဲမသိဘူး။ အသားအရည်ထိန်းသိမ်းဖို့ကတော့
Lotion တွေဘာတွေ သုံးရတာပေါ့နော်။
ကိုယ်ခန္ဓာအတွက်ကတော့
ဘာမှသိပ်မလုပ်ဖြစ်ပါဘူး။
ဝိတ်တက်လာတယ်ထင်ရင်
ညစားကို မစားတော့ဘူး။အဲဒီလောက်ပါဘဲ။ အဲလိုတော့
တသီးတသန့် မသွားဖြစ်တော့ပါဘူး။
ဒီလိုဘဲ အိမ်မှာ
နည်းနည်းပါးပါး
ဆော့တာလောက်ဘဲရှိတယ်။
အလုပ်တွေကလည်း
မအားတာတွေကြောင့်လည်းပါဒါပေါ့။
၂၀၀၉
အတွက် ၀ိုင်းစု
ရဲ့အရဲ့ ပရိသတ်ကို
ဘာများပြောအုံးမလဲ။ ၂၀၀၉
ခုနှစ် July လကုန်လောက်မှာ
ဝိုင်းစုရဲ့စီးရီးခွေထွက်ဖို့
ရှိပါတယ်။ အဲဒီအခွေထွက်လို့ရှိရင်လည်း
အားပေးပါအုံးလို့။
နောက် ၀ိုင်းစု
သီချင်းဆိုတဲ့ဘက်မှာရော၊
သရုပ်ဆောင်တဲ့ဘက်မှာရော
လိုအပ်တာလေးတွေရှိရင်
ဝေဖန်ပေးပါ၊
အကြံပေးပါ၊
ဝိုင်းဝန်းကြည့်ရှုပေးပါလို့။
ဟိုအရင် အနုပညာအလုပ်စလုပ်ကတည်းက
အားပေးလာတဲ့
ပရိသတ်တွေရော
ခုလက်ရှိအားပေးနေတဲ့
ပရိသတ်တွေကိုရော
အားလုံးကို
ကျေးဇူးတင်ပါတယ်။ ခုလိုဖြေကြားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ၀ိုင်းစုကလည်း
ဝိုင်းစုရဲ့
အနုပညာလှုပ်ရှားမှုတွေ
နဲ့ပတ်သက်လို့
ပရိသတ်ကို ပြောပြခွင့်ရတဲ့အတွက်
Shwe Gyoe Phyu Online Journal ကို ကျေးဇူးတင်ပါတယ်။ ![]() |
||
| Power by Duo-Motion | ||